ကိုယ်နေချင်တာမင်းအနားပဲ။

Aug 27, 2006

အတောင်ပံတွေကို လွှင့်လို့ရယ်၊
ဝေဟင်ပေါ်ကိုပြေးထွက်မယ်၊
တောင်တွေကျော်ကာ မိုးသားအလယ်၊
ကိုယ်နေချင်တာမင်းအနားပဲ။

Read More...

3 comments:

ဆေးလိပ်အန္တရာယ်

Aug 18, 2006

ဆေးလိပ်သောက်၍ ခြေချောင်းများ သို့သွေးမစီး တော့ပဲနောက်ဆုံး ခြေမဖြတ်ပြစ် ရသည့်အကြောင်း ကျတော် သိရ တာ၂ယောက် ရှိသွားပြီ။ ပထမတယောက် ကမြန်မာကျောင်းသား၊ အသက်ငယ်သေးသည်၊ ဆေးလိပ်တော့အတော်သောက်ပုံရသည်။ နောက်ဆုံး ခြေမဖြတ်လိုက် ရသည်။ နောက်တယောက် ကလူဖြူ မိန်းမ၊ သူလည်း ခြေချောင်းများ သို့သွေးမစီး တော့ပဲနောက်ဆုံး ခြေမဖြတ်ပြစ်လိုက်ရ သည်။ ခြေမဖြတ်ပြစ် တာနှင့်မပြီးသေး၊ သွေးမစီးတဲ့ ကိစ္စအတွက် ဆေးများသောက်သုံးရင်း မှတခါ နောက်ရောဂါထပ်ဖြစ်ပါတယ်။ မိမိအတွက် အကျိုးမရှိသလို ပတ်ဝန်းကျင်ကို ပါထိခိုက်သောအရာဖြစ်ပါသည်။

Read More...

2 comments:

သူငယ်ချင်းများအတွက်အမှတ်တရ

အချိန်- ၂၀၀၀၊ ဇူလိုင်
နေရာ- အိမ်နီကြီးနောက်၊ အင်းယားကန်၊ ရန်ကုန်
အကြောင်းအရာ- ရေကူးသင်တန်း

သင်တန်းနည်းပြ - မြင်းကျိုး
လက်ထောက် - မောင်ကောင်း

သင်တန်းသားများ - ဆိတ်သိုး၊ ကြက်ကြီး၊ ကြံ့ကြီး၊ စာကလေး၊ လိပ်ကြီး


Read More...

0 comments:

ဖေကြီးသောက်တဲ့အားဆေး

Aug 13, 2006

တကဲ့ဖြစ်ရပ်လေးတခုပါ။ မိသားစု ၃ယောက်ရှိတဲ့ အိမ်ထောင်တခုမှာ အဖေလုပ်သူကညနေဆို ပုံမှန်တခွက် တဖလားချပါတယ်။ ပုံမှန်ချတိုင်း မြဟင်္သာဆေးကို အမြဲရောသောက် လေ့ရှိပါတယ်။ အဲဒါကိုသားလုပ်သူက အဖေသောက်တဲ့ မြဟင်္သာကို တွေ့ဘူး၊ မြင်ဘူးနေတယ်။ ချာတိတ်က ၂တန်းလောက်တော့ရှိမယ်ထင်တယ်။ တနေ့တော့ သူတို့အိမ်ကို အသိမိတ်ဆွေများ ညနေပိုင်း လာလည်ကြတယ်။ လက်ဖက်သုတ်စား၊ ရေနွေးကြမ်းသောက် တီဗီလေးကြည့်ရင်းနဲ့ စကားပြောကြပါတယ်။ ကလေးကလည်းအမေနဲ့ ထိုင်နေတယ်။ အဲဒီအချိန်မှာ တီဗီကကြော်ငြာလာတယ်၊ ကြော်ငြာက မြဟင်္သာကြော်ငြာ၊ အဲဒါကို သားလုပ်သူက ရုတ်တရက် ထအော်တယ်...
"ဟိုမှာ ဖေကြီးသောက်တဲ့အားဆေး၊ ဖေကြီးသောက်တဲ့အားဆေး"
ဧည့်သည်တွေလည်းမနေနိုင် တော့တ၀ါးဝါးနဲ့ ၀ိုင်းရည်ကြပါတယ်။ (ခင်မင်ရင်းနှီးတဲ့သူ များဖြစ်တဲ့အတွက်) မိဘလုပ်သူ၂ယောက်ကတော့ မျက်နှာဘယ်ထားမှန်းမသိ ဖြစ်နေတော့တယ်။ အဲဒါလေးကတော့ လမ်းပန်းဆက်သွယ်ရေး အတော် ခက်ခဲတဲ့ မြန်မာပြည်နေရာလေးတခုမှာဖြစ်ခဲ့ တဲ့အဖြစ်အပျက်လေးပါ။ ဖအေလုပ်သူကတော့ငှက် ဖျားရောဂါနဲ့ အဲဒီနေရာမှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။

Read More...

1 comments:

မန္တလေးအလွမ်း

Aug 11, 2006

မန္တလေးမှာ ၁၉၉၄-၉၅ ထိ ကျွန်တော် တနှစ်နေခဲ့ဘူးတယ်။ အထက်မြန်မာပြည်ရဲ့ မြို့တော် လည်းဖြစ်၊ လမ်းပန်း ဆက်သွယ်ရေးက လည်းကောင်း၊ လည်စရာ ပတ်စရာ၊ စာသောက်စရာ များပေါတဲ့နေရာဖြစ်တော့ နေခဲ့ရတဲ့ ၁နှစ် တော်တော်ပျော်စရာကောင်းတယ်။ မန္တလေးပတ်ဝန်းကျင် မုံရွာ၊ စစ်ကိုင်း ဘုရားဖူးသွားရတာ လည်းအလွန်အဆင်ပြေပါတယ်။ ၁၀တန်းအောင်ပြီး တက္ကသိုလ်တက် ဖို့စောင့်နေတဲ့အချိန် ဖြစ်တော့ လွတ်လွတ်လပ်လပ် လည်ပတ်လို့ရခဲ့ပါတယ်။ မန္တလေး သင်္ကြန်ကို ၁ခါပဲ ကြုံဖူးခဲ့တယ်။ ပျော်စရာကောင်းပါတယ်။ ရန်ကုန်သင်္ကြန် နဲ့ကွာတာ ကတော့ ကျုံးတပတ် ပတ်ဖို့ကို တနေ့ခင်း ကုန်ပါတယ်။ နောက်ရက်တွေကြ တော့ဆိုင်ကယ် နဲ့ပဲလည်တော့တယ်။ ပိုအဆင်ပြေပါတယ်။ တောင်ပျုံး ဆိုတဲ့နေရာကို လည်းအဖွားများ လိုက်ပို့ရင်း နဲ့တခေါက်ရောက်ဖူးခဲ့တယ်။ လူတွေမှ တသိန်း။ လမ်းကျဉ်းလေးထဲမှာ လူတွေကြိတ် ကြိတ်တိုး တိုးဝေ့နေ ကြတာ ဘာတွေလုပ်နေကြ လည်းတော့မသိပါ။ မနက်စောစော မန္တလေးတောင်ခြေ ဂေါက်ကွင်း မှာဂေါက်ရိုက် ပြီးမန္တလေးတောင်ပေါ်တက်ပြီးနန်းကြီးသုတ်စားရတဲ့ အရသာ ကမမေ့ နိုင်စရာပါ။ ဘော်ဒါအပေါင်းနဲ့လေသေနက်ပစ်ရင်း နန်းမြို့ရိုးကြီးပေါ်ရောက်ရောက် သွားတာမှတ် မိသေး တယ်။ အဲဒီအချိန် တုန်းကနန်းရှေ့မှာ ပန်းခြံကြီးတခုရှိတယ်။ မန္တလေး မှာနေရတာ ခြင်တော့အတော် ကိုက်ပါတယ်။ မဟာမြတ်မုနိဘုရားကြီး မျက်နာတော်သစ်အချိန်ကို အမေနိုးနိုး ခေါ်သွားလို့ အိပ်ချင်မူးတူးနဲ့ ၂ခါ လောက်ရောက်ဖူးတယ်။ ဘုရားအာရုဏ်ဆွမ်းလာကပ် သူတွေကလည်းအများကြီး။ ဘုရားကြီးဈေးတန်း လျှောက်ရတာ အညာဘုရားပွဲဈေးတန်းတွေ လျှောက်ရသလိုပဲ။ အဲလိုနဲ့ ၁နှစ်လောက် ကြာတော့ တက္ကသိုလ်တက်ဖို့ မန္တလေးကထွက်ခဲ့ တယ်။ နောက်ပိုင်းတော့ မန္တလေးမြို့ကြီး ကိုခရီးသွားရင်းနဲ့ သာဖြတ်သွားဖြတ်လာရောက် ဖြစ်တော့တယ်။ မန္တလေးသား ဖြစ်ဖို့လည်း ကံတရား ကမျက်နှာသာမပေးခဲ့ဘူးဗျာ။

Read More...

0 comments:

little cutie

Read More...

0 comments:

ဇော်ဂျီဖောင့်ပြသနာ

Aug 9, 2006

ကျွန်တော့်ရဲ့ ဇော်ဂျီဖောင့်ပြသနာနဲ့ ပတ်သတ်ပြီး ကျွန်တော် ငတုံး၊ ငအ၊ ငထူကြီး ကိုနဲနဲ လောက်တော့ ပြောခွင့် ပြုပါခင်ဗျာ။ အခု ဒီပို့စ်လေး ကိုမသုံးမဖြစ် သုံးရမဲ့ Zawgyi-One (version 3.14November 21), 2005 ဆိုတဲ့ ဖောင့်ကို သုံးပြီးရေးထားတာဖြစ်တဲ့အတွက် Zawgyi-One သုံးတဲ့ သူအားလုံးကောင်းမွန်စွာ မြင်ရမယ် ထင်မိပါ တယ်။ Template မှာ Zawgyi-One ကိုအားလုံးစပြောင်းသုံးထားပါတယ် ခင်ဗျာ။ ဒီလိုမတောက် တခေါက်လေး လုပ်တက်ဖို့ HTML ဆိုတာကြီးကိုသိတာ ၅လကျော်လောက်တော့ ရှိပါပြီ။ CSS ဆိုတာကြီး ကိုတော့ နည်းနည်း သိတာ ၂လ လောက်ရှိပါပြီ။ ကျွန်တော့်မှာ ဒီအကြောင်းတွေနဲ့ ပတ်သတ် ပြီး မေးစရာ သူငယ်ချင်း မိတ်ဆွေတရောက်မှ မရှိပါဘူး။ ကျွန်တော့ ရဲ့လက်ဦး ဆရာကတော့ http://www.w3schools.com/ သူဖြစ်ပါ တယ်။ အဲဒီကမှ တဆင့် မြန်မာ ဖောင့်သုံးဖို့ Google ကနေရှာတော့ မြန်မာဖောင့် zawgyi1 Version 2.95 နဲ့ Zawgyi-One version 3.14November 21, 2005 ဆိုတာကို ရပါတယ်။ အဲဒီ၂ ခုဘာကွာလည်း မသိပါ။ ကျွန်တော် ငတုံး၊ ငအ၊ ငထူကြီး က zawgyi1 ဆိုတာလေး ကို ကျွန်တော်ရေးတဲ့၂နေရာမှာ သောက်သုံးမ ကြစွာနဲ့ သုံးမိပါတယ်။ ဒါပေမဲ့ အဲဒီဖောင့် ၂ခုလုံးတော့ install လုပ်ထားပါတယ်။ ကျွန်တော်သိတဲ့မြန်မာဖောင့်များကတော့ ဇော်ဂျီ၊ မြစေတီ၊ ၀င်း မိသားစု တို့ပါ။ ဒါပေမဲ့ မြန်မာတွေ ဘယ်ဖောင့် ကို standard ထားသုံးလည်း ကျွန်တော် ငတုံး မသိပါ။ ကျွန်တော် မြန်မာBlog များကို လိုက်ဖတ်ကြည့်တာ တချို့ ကိုဘာမှမမြင်ရပါ။ post title ရော် post တွေအားလုံးရော၊ Microsoft IE နဲ့ကြည့်တုန်းက၊ တခါ FF ကို သုံးတဲ့အချိန် မှာတစ်ရောက်က အားလုံးဖတ်လို့ရသွားပါတယ်။ ကျန်တဲ့သူများကတော့ အရင်အတိုင်းပါပဲ။ ကျွန်တော် ဖတ်နေကြမြန်မာဂိုး(MyaZedi.ttf) ကတော့ FF ကြည့်တဲ့ အခါမှာ ကျွန်တော် ငတုံး ရေးထားသလိုပဲပင်ပေါက်များ ဖြစ်နေပါတယ်။ ကန်တော့ မြန်မာဂိုး။ ဘာကြောင့်ဖြစ်တာလည်း ဆိုတာ ကျွန်တော် ငတုံး နားလည်ရန်အဆင့် မမီပါခင်ဗျာ။ နားလည်သူများရှိရင်တော့ ရှင်းပြပေးစေလိုပါတယ် ခင်ဗျာ။ ကျွန်တော် ဒီဘလော့စလုပ် ဖြစ်တဲ့အချိန် မှာIE ပဲသုံးပါတယ်။ အဲဒီမှာပြသနာစပါတယ်။ post တွေ post title တွေ sidebar တွေမှာ မြန်မာလိုမပေါ်တော့ ကျန်ဖန်ပြီးလုပ်လိုက် preview ကနေကြည့် လိုက်နဲ့ ရက် အတန်ကြာတော့ အားလုံးမြန်မာလိုပ်ါသွားပါတယ်။ သူများစီမာပေါ်မပေါ်တော့ ဘာကြောင့်လဲဆိုတာ ကျွန်တော် ငတုံးမသိကြောင်းပါခင်ဗျာ့။ ကျွန်တော့သူငယ်ချင်းတယောက် ဆီမှာတော့ ကျွန်တော်ဇော်ဂျီ ဖောင့်တင်ပြီးကြည့်ခဲ့တာ အားလုံး OK တဲ့အတွက် ကျွန်တော် ငတုံးကြီး OK ထင်ခဲ့မိပါတယ်။ အဲဒါတွေကတော့ ကျွန်တော် ငတုံး လက်လှမ်းမီ နားလည်သလောက်တွေကိုရေးထားတာပါ။ မှားနေတယ်ဆို ရင်ကျေးဇူးပြုပြီး သင်ပြပေးပါ ခင်ဗျာ။ နောင်တသက် လုံး Microsoft မှာတရားဝင်သက်သက်မှတ်မှတ် မြန်မာ ဖောင့်ရယ်မပေါ် မချင်း Zawgyi-One ကိုပဲ အသုံးပြုသွားပါတော့မယ်ခင်ဗျာ့။ မြန်မာဘလော့များကနေ ကျွန်တောဗဟုသုတတွေအ များကြီးရခဲ့ပါတယ်။ အဲဒီလိုသင်ပြပေးတဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အားလုံး ကိုရိုသေစွာ ဂါရ၀ ပြုပါတယ် ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

Read More...

5 comments:

Never gonna leave your side

I feel like a song without the words
A man without a soul
A bird without it’s wings
A heart without a home
I feel like a knight without a sword
The sky without the sun
Cause you are the one

I feel like a ship beneath the waves
A child who’s lost it’s way
A door without a key
A face without a name
A feel like a breath without the air
And every day’s the same since you’ve gone away

I gotta have a reason to wake up in the morning
You used to be the one that put a smile on my face
There are no words that could describe how I miss u
And I miss u everyday

I’m never gonna leave your side
I’m never gonna leave your side
Still holding on girl
I won’t let you go
Cause when I ‘m lying on your arms, I know I ‘m home

They tell me that a man can lose his mine, living in the pain
Recalling time gone by and crying in the rain
You know I’ve wasted half the time
And I’m on my knees again, till you come to me

I gotta have a reason to wake up in the morning
You used to be the one that put a smile on my face
There are no words that could describe how I miss u
And I miss u everyday

I’m never gonna leave your side
I’m never gonna leave your side
Still holding on girl
I won’t let you go
Cause when I ‘m lying on your arms, I know I ‘m home

Read More...

0 comments:

ဆုတောင်း

စပါးရွှေဝါ ၀င်းပါစေ
ပန်းတွေ သင်းပါစေ
ငှက်ကလေးတွေ မိုးတိမ်ကြား
ပျံနိုင်ကြစေသား။
နေရောင်ခြည်လည်း ဖွေးပါစေ
လေပြည် အေးပါစေ။
ချစ်မိတ်ဆွေ ပေါင်းဖော်များ
ကျန်းမာကြစေသား။

Read More...

0 comments:

အမေ့မျက်ရေ

Aug 7, 2006

အမေကလည်းသား ကိုချစ်သည်။ သားကလည်းအမေကို ချစ်သည်။ အမေကသားကို ကောင်းစေချင်သည်။ အမေ့ စေတနာ ကဖြူစင်သည်။ အမေက သားကိုအလွန်ဖြူစင် အေးမြ သောမေတ္တာ နှင့်သားကို ချစ်သည်။ သားကလည်း သား။ ကိုယ်လုပ် တာကိုယ်မှန်တယ် ထင်၊ မှန်တယ်ထင်တာ ကိုလုပ်သည်။ အဲဒီတော့ အမေနှင့် သားကြား စကားအခင်း တွေများကြသည်။ နောက်ဆုံးတော့ အမေ့မျက်ရေကျ။ အမေ့မျက်ရေကျ အောင်လုပ် သော သားဒုက္ခတွေ့ တက်သည်တဲ့။ အလွန်မှန်ပါသည်။

Read More...

2 comments:

Instruction for life

1. Take into account that great love and great achievements involve great risk.
2. When you lose, don’t lose the lesson.
3. Follow the three R’s:
Respect for self,
Respect for others and
Responsibility for all your actions
4. Remember that not getting what you want is sometimes a
wonderful stroke of luck.
5. Learn the rules so you know how to break them properly.
6. Don’t let a little dispute injure a great relationship.
7. When you realize you’ve made a mistake, take immediate
steps to correct it.
8. Spend some time alone every day.
9. Open your arms to change, but don’t let go of your values.
10. Remember that silence is sometimes the best answer.
11. Live a good, honorable life. Then when you get older and
think back, you’ll be able to enjoy it a second time.
12. A loving atmosphere in your home is the foundation for
your life.
13. In disagreements with loved ones, deal only with the
current situation. Don’t bring up the past.
14. Share your knowledge. It is a way to achieve immortality.
15. Be gentle with the earth.
16. Once a year, go someplace you’ve never been before.
17. Remember that the best relationship is one in which your
love for each other exceeds your need for each other.
18. Judge your success by what you had to give up in order to get it.
19. Approach love and cooking with reckless abandon.

Dalai Lama/2006

Read More...

0 comments: