ဇော်ဂျီဖောင့်ပြသနာ

Aug 9, 2006

ကျွန်တော့်ရဲ့ ဇော်ဂျီဖောင့်ပြသနာနဲ့ ပတ်သတ်ပြီး ကျွန်တော် ငတုံး၊ ငအ၊ ငထူကြီး ကိုနဲနဲ လောက်တော့ ပြောခွင့် ပြုပါခင်ဗျာ။ အခု ဒီပို့စ်လေး ကိုမသုံးမဖြစ် သုံးရမဲ့ Zawgyi-One (version 3.14November 21), 2005 ဆိုတဲ့ ဖောင့်ကို သုံးပြီးရေးထားတာဖြစ်တဲ့အတွက် Zawgyi-One သုံးတဲ့ သူအားလုံးကောင်းမွန်စွာ မြင်ရမယ် ထင်မိပါ တယ်။ Template မှာ Zawgyi-One ကိုအားလုံးစပြောင်းသုံးထားပါတယ် ခင်ဗျာ။ ဒီလိုမတောက် တခေါက်လေး လုပ်တက်ဖို့ HTML ဆိုတာကြီးကိုသိတာ ၅လကျော်လောက်တော့ ရှိပါပြီ။ CSS ဆိုတာကြီး ကိုတော့ နည်းနည်း သိတာ ၂လ လောက်ရှိပါပြီ။ ကျွန်တော့်မှာ ဒီအကြောင်းတွေနဲ့ ပတ်သတ် ပြီး မေးစရာ သူငယ်ချင်း မိတ်ဆွေတရောက်မှ မရှိပါဘူး။ ကျွန်တော့ ရဲ့လက်ဦး ဆရာကတော့ http://www.w3schools.com/ သူဖြစ်ပါ တယ်။ အဲဒီကမှ တဆင့် မြန်မာ ဖောင့်သုံးဖို့ Google ကနေရှာတော့ မြန်မာဖောင့် zawgyi1 Version 2.95 နဲ့ Zawgyi-One version 3.14November 21, 2005 ဆိုတာကို ရပါတယ်။ အဲဒီ၂ ခုဘာကွာလည်း မသိပါ။ ကျွန်တော် ငတုံး၊ ငအ၊ ငထူကြီး က zawgyi1 ဆိုတာလေး ကို ကျွန်တော်ရေးတဲ့၂နေရာမှာ သောက်သုံးမ ကြစွာနဲ့ သုံးမိပါတယ်။ ဒါပေမဲ့ အဲဒီဖောင့် ၂ခုလုံးတော့ install လုပ်ထားပါတယ်။ ကျွန်တော်သိတဲ့မြန်မာဖောင့်များကတော့ ဇော်ဂျီ၊ မြစေတီ၊ ၀င်း မိသားစု တို့ပါ။ ဒါပေမဲ့ မြန်မာတွေ ဘယ်ဖောင့် ကို standard ထားသုံးလည်း ကျွန်တော် ငတုံး မသိပါ။ ကျွန်တော် မြန်မာBlog များကို လိုက်ဖတ်ကြည့်တာ တချို့ ကိုဘာမှမမြင်ရပါ။ post title ရော် post တွေအားလုံးရော၊ Microsoft IE နဲ့ကြည့်တုန်းက၊ တခါ FF ကို သုံးတဲ့အချိန် မှာတစ်ရောက်က အားလုံးဖတ်လို့ရသွားပါတယ်။ ကျန်တဲ့သူများကတော့ အရင်အတိုင်းပါပဲ။ ကျွန်တော် ဖတ်နေကြမြန်မာဂိုး(MyaZedi.ttf) ကတော့ FF ကြည့်တဲ့ အခါမှာ ကျွန်တော် ငတုံး ရေးထားသလိုပဲပင်ပေါက်များ ဖြစ်နေပါတယ်။ ကန်တော့ မြန်မာဂိုး။ ဘာကြောင့်ဖြစ်တာလည်း ဆိုတာ ကျွန်တော် ငတုံး နားလည်ရန်အဆင့် မမီပါခင်ဗျာ။ နားလည်သူများရှိရင်တော့ ရှင်းပြပေးစေလိုပါတယ် ခင်ဗျာ။ ကျွန်တော် ဒီဘလော့စလုပ် ဖြစ်တဲ့အချိန် မှာIE ပဲသုံးပါတယ်။ အဲဒီမှာပြသနာစပါတယ်။ post တွေ post title တွေ sidebar တွေမှာ မြန်မာလိုမပေါ်တော့ ကျန်ဖန်ပြီးလုပ်လိုက် preview ကနေကြည့် လိုက်နဲ့ ရက် အတန်ကြာတော့ အားလုံးမြန်မာလိုပ်ါသွားပါတယ်။ သူများစီမာပေါ်မပေါ်တော့ ဘာကြောင့်လဲဆိုတာ ကျွန်တော် ငတုံးမသိကြောင်းပါခင်ဗျာ့။ ကျွန်တော့သူငယ်ချင်းတယောက် ဆီမှာတော့ ကျွန်တော်ဇော်ဂျီ ဖောင့်တင်ပြီးကြည့်ခဲ့တာ အားလုံး OK တဲ့အတွက် ကျွန်တော် ငတုံးကြီး OK ထင်ခဲ့မိပါတယ်။ အဲဒါတွေကတော့ ကျွန်တော် ငတုံး လက်လှမ်းမီ နားလည်သလောက်တွေကိုရေးထားတာပါ။ မှားနေတယ်ဆို ရင်ကျေးဇူးပြုပြီး သင်ပြပေးပါ ခင်ဗျာ။ နောင်တသက် လုံး Microsoft မှာတရားဝင်သက်သက်မှတ်မှတ် မြန်မာ ဖောင့်ရယ်မပေါ် မချင်း Zawgyi-One ကိုပဲ အသုံးပြုသွားပါတော့မယ်ခင်ဗျာ့။ မြန်မာဘလော့များကနေ ကျွန်တောဗဟုသုတတွေအ များကြီးရခဲ့ပါတယ်။ အဲဒီလိုသင်ပြပေးတဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အားလုံး ကိုရိုသေစွာ ဂါရ၀ ပြုပါတယ် ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

5 comments:

MgHla said...

ကျတော် ငတုံးကြီးလည်း ခင်ဗျားကြီး ရေးထားတာကို ဖတ်လို့ ရကြောင်းပါ...

NLS said...

ကျတော် ငရစ်ကြီးလည်း ဒီတစ်ခါ ကောင်းကောင်း မြင်ရပြီလို့ အကြောင်းကြား အပ်ပါတယ်။

NLS said...

စကားမစပ်

အဲဒီသီချင်းကို နာမည်မေ့နေလို့ အတင်းစဉ်းစားနေတာ ကြာပြီ။ လိုချင်နေတာ။ မနေ့ကတင် အကြာကြီး လိုက်ရှာနေသေးတယ်။ အခု တိုက်တိုက်ဆိုင်ဆိုင် ရလိုက်တယ်။ ကျေးဇူးပါ။

BayintNaung said...

ကိုယ်အသုံးမကြတာ ကိုယ်သိလို့ရေးလိုက်တာပါ။ အားလုံးပဲ နောက်နောင်လည်းပြောပြ၊ သင်ပြစရာများရှိကသင်ပြ၊ ပြောပြပေးပါအုံး။
ရစ်တယ်လို့မခံယူပါဘူးခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

Anonymous said...

I can see and read your Myanmar font on your blog. I use IE 6 SP2.

Nga-Pwa-Gyi