No title

Jun 26, 2007

A motorist attempts to start his car engine on a flooded road, 1941

"Adding a print this for your blog" There is a hack to enable your blog visitors to be able to print your blog, HP has provided a hack. Read more
"Free PHP Web Hosting" <(-_-)>

Read More...

0 comments:

How to put a search box, Ads in the Blog header

Jun 17, 2007

လော့ခေါင်းစဉ်းမှာ ဟိုရှာဒီရှာလုပ်တဲ့ search box တို့ ဂူဂယ်နဲ့တခြားသော ကြော်ငြာ Ads လေးများကို ဘလော့ရဲ့ Header မှာဘယ်လိုထဲ့လဲဆိုတဲ့ အကြောင်းပါ။ ကျတော်ဘလော့မှာထဲ့ထားတဲ့ နည်းကိုပြောပြ သွားပါမယ်။
ပထမဦးစွာ Go to Template> edit HTML. ထို့နောက် အောက်မှာ ပြထားသော ကုတ်များကို template မှာရှာပါ။ <b:section class='header' id='header' maxwidgets='1'> ကိုရှာပါ။ maxwidgets='1' ကို maxwidgets='4' ဟုပြောင်းပေးပါ။ ထို့နောက်တန်းပလိပ်ကို save လိုက်ပါ။ Page Elements ကိုပြန်သွားပါ။ Header မှာ Add a page Element ဆိုတာပေါ်လာတာတွေ့ရပါလိပ့်မယ်။ အဲဒီ Add a page Element ကိုနှိပ်ပါ။ ထုံးစံအတိုင်း HTML/JavaScript ကနေ search box အတွက် အောက်မှာပြထားတဲ့ ကုတ်တွေကိုထဲ့ပါ။


မိမိရဲ့ search box ကို header ရဲ့ ဘယ်ညာလယ် အပေါ်အောက်ကို div style နဲ့ မိမိထားမည့်နေရာကိုမူတည်ပြီး ထိမ်းညှိပေးရပါမယ်။ တယောက်နဲ့တယောက် အသုံးပြုတဲ့ တန်းပလိပ် ကွာတဲ့အတွက် div style ကိုလဲမိမိ နဲ့သင့်တော်သလို ညှိယူပါ။ Google Adsense (banner, google searchand referral links) အတွက်လဲ အတူတူပဲဖြစ်ပါတယ်။




Read More...

0 comments:

မိုးတွေရွာရင်

Jun 15, 2007



မိုးတွေရွာရင် နဲ့ပတ်သတ်တဲ့ ကျတော့်အကြောင်းကို ရေးရမည် ဆိုရင်တော့....
ကျတော်လဲ မိုးကိုကြိုက်နှစ် သက်တဲ့သူ တယောက်ပါပဲ။ ငယ်ငယ်တုန်း က မိုးရွာရင် သူငယ်ချင်းတွေနဲ့ ဘော်လုံးကန်၊ ဒါမှ မဟုတ်ရင် မိုးရေထဲမှာ ပြေးလွှား ဆော့ကစားပြီး မိုးရေ ချိုးခဲ့ ရတာတွေက အမြဲအမှတ် တရပါပဲ။ မိုးရေချိုး ရင်အိမ်ပေါ် က ဆပ်ပြာခွက်နဲ့ သဘက်ကိုင်ပြီး စောင့်နေတဲ့အမေ့ ကိုတောင် လွမ်းသွားပြီ။ မိုးရေချိုးပြီးရင် နွေးနွေးထွေးထွေးဝတ်ပြီး အမေချက်ထားတဲ့ ထမင်းဟင်းပူပူလေးတွေ စား။ နောက် ကျတော်က အိမ်ခေါင်မိုး ပေါ် မိုးကြတဲ့ အသံလေး တဖျောက်ဖျောက်နဲ့ အိပ်ရတာကို အရမ်းနှစ်သက်တယ်။ မိုးရွာထဲ ကားမောင်းရတာ ကိုကြိုက်တယ်။ တက္ကသိုလ်တက်တဲ့ ၅နှစ်တာ ကာလမှာလဲ မိုးတွေရွာရင် အိမ်ကို အရမ်းသတိရတယ်။ သတိရ ရနဲ့ ဂွမ်းစောင်ထဲ ကောင်းကောင်းကွေးခဲ့တယ်။ ဒီနေ့တောင် အဆောင်အပြန်မှာ မိုးရွာတာနဲ့ ကြုံခဲ့ သေးတယ်။ မိုးရွာ တာကို ထိုင်ကြည့်ရင်း မြေသင်းရနံ့ တောင်ရခဲ့သေးတယ်။ ဖိုးချမ်း Tagတာနဲ့ပါ ကြုံသွားတော့ ဒီပို့စ်ကို ရေးဖြစ်သွား ပါတယ်။ ကျတော်ဘလော့ ကိုလာလည် ကြသောမိတ်ဆွေ အပေါင်းတို့ကိုလဲ မိုးနဲ့ပတ်သတ်ပြီး ကျတော်တို့လိုပဲ အမှတ်တရများရှိရင် ရေးသားကြဖို့ ဆန္ဒရှိသူ များအားလုံး ကို တိုက်တွန်း လိုက်ရပါတယ် ခင်ဗျာ။

Read More...

8 comments:

MM Bloggers forum had moved

Jun 12, 2007

ကျတော်တို့ မြန်မာဘလော့ဂါ ဖိုရမ်အား ယနေ့မှစ၍ http://www.myanmarbloggers.co.nr/ သို့ ကူးပြောင်း သွားပါကြောင်း အကြောင်း ကြားအပ်ပါတယ်။ ထိုလိပ်စာ သစ်အားမန်ဘာများအနေဖြင့် လက်ရှိ ရှိရင်းစွဲ username and password များဖြင့် ၀င်ရောက်နိုင်ကြပါတယ်။ မူလပို့စ်များ၊ PM များကိုလဲ တက်နိုင်သလောက် မပျောက်ပျက်အောင် ပြန်လည် ထည့်သွင်းထားပါတယ်။ အကယ်၍ မန်ဘာတယောက်အနေဖြင့် မူလ username and password ဖြင့် ဖိုရမ်ကို ၀င်ရောက်ရာတွင် အခက်အခဲတစုံတရာ ရှိက ကျတော့် စီဘောက်တွင် ပြောသွားကြပါ။ ဖိုရမ်ကို ၀င်ရောက်ရာတွင် လော့ကင် လုပ်အပြီး forum5 or iforumer ကိုရောက်ရှိ သွားပါက အောက်ပါအတိုင်း လုပ်ဆောင်ပေးစေလိုပါတယ်။

For MInternet explorer
Explorer မှ Tools ကိုသွားပါ။ ထို့နောက် internet options မှတဆင့် General မှ Delete cookies ကိုနှိပ်၍ cookies ကိုဖျက်ပါ။ ပြီးလျှင် Explorer ကို refersh လုပ်၍ ပြန်လည် လော့ကင်လုပ်ကြည့်ပါ။ အဆင်ပြေမယ်လို့ ယူဆပါတယ်။

For FFox users
Tools မှ option ထို့နောက် privacy တွင် clear cookies now နှိပ်၍ဖျက်ပါ။ refersh လုပ်၍ ပြန်လည် လော့ကင်လုပ်ကြည့်ပါ။ မရသေးလျှင် cache မှ clear cache now ဖြင့်ဖျက်၍ ၀င်ကြည့်ပါ။

ကျေးဇူးတင်ပါတယ်။

Read More...

0 comments:

Drop Caps Style

Jun 10, 2007

Drop Caps style က မဂ္ဂဇင်းစာအုပ် တွေရဲ့ အစစာလုံးကို ဆိုက်ကြီးကြီးနဲ့ ရေးတဲ့ စတိုင်မျိုး ဖြစ်ပါတယ်။ မိမိဘလော့မှာလဲ အဲဒီပုံစံ အသုံးပြုချင် ရင်တော့ အောက်မှာပြထားတဲ့ ကုတ်ဒင်းတွေနဲ့ အသုံးပြုနိုင်ပါတယ်။ ပထမ တမျိုးကတော့ CSS နဲ့ရေးထားတဲ့ ကုတ်ဖြစ်ပါတယ်။



]]></b:skin> မတိုင်မီ တနေရာမှာ ထဲ့ပါ။ ပြီးလျှင် တန်းပလိပ်ကို ဆေ့လုပ်ပါ။ မိမိ ပို့စ် အသစ်ရေးတဲ့ အခါ ပထမဆုံး စာလုံးကို <span class="dropcaps">D</span> ဆိုပြီး ခံရေးပါ။ font-size နဲ့ ကာလာ ကိုလဲ မိမိနှစ်သက်ရာ ပြောင်းလဲအသုံးပြုပါ။

နောက်တခုက



ဘောက်ထဲက ကုတ်အားလုံးကို ကူးပြီး ပို့စ်ဘောက်ထဲကို ကော်ပီ ပေ့ လုပ်ရုံပါပဲ။ Your post here bla bla bla ဆိုတဲ့နေရာမှာ မိမိတင်မဲ့ပို့စ်ကို ရေးပါ။ >F< နေရာမှာ ပို့စ်ရဲ့ ပထမဆုံး စာလုံးကို ထဲ့ပါ။ အောင်မြင်ပါစေ။

Read More...

1 comments:

labourers under the harshness

Jun 8, 2007

ဒီနေ့ ဘီဘီစီသတင်းမှာ ဖတ်ရတဲ့ တရုတ်ပြည်က ကျွန်သဖွယ် အခိုင်းခံရတဲ့ အလုပ်သမားများ အကြောင်းပါ။ ရေချိုး၊ ဆံပင်ညှတ်၊ သွားတိုက်ဖို့ အခွင့်အရေး မရှိသလို၊ တနှစ်ပတ်လုံး မလျှော် မဖွတ်ပဲ ၀တ်ထားတဲ့ အ၀တ်အစား တွေနဲ့ အလုပ်သမားတွေဟာ အနံလေး တသင်းသင်းနဲ့၊ သူတို့ ခန္ဓာကိုယ် က ဂျီးတွေက ဓါးနဲ့တောင် ချစ်ထုတ်ယူလို့ ရတယ်လို့ သတင်းကဆိုထားပါတယ်။ ရှန်ဇီ ပြည်နယ်က ပြည်နယ် ကွန်မြူနစ်ပါတီ အတွင်းရေးမှုးသား ပိုင်တဲ့ အုတ်ဖုတ် လုပ်ငန်းက အလုပ်သမားတွေရဲ့ ဘ၀တွေပါ။ အလုပ်ကောင်းကောင်း မလုပ်နိုင်တဲ့ အလုပ်သမားတယောက် ကို တူနဲ့ထု သတ်ခဲ့ တဲ့အကြောင်း၊ အုတ်တွေ ကျက်ပြီဆိုတာနဲ့ မအေးခင် သယ်ခိုင်းတဲ့အတွက် ခန္ဓာကိုယ်တွေမှာ အပူလောင် ဒဏ်ရာတွေခံထားရတဲ့အကြောင်း၊ သူတို့ အလုပ်ပင်ပင်ပန်းပန်း လုပ်ပေမဲ့ ရရှိတဲ့ လုပ်ခကတော့ ရေနဲ့၊ ပေါင်မုန့်သာဖြစ်ကြောင်း စိတ်မသက်သာ စွာ ဖတ်ရှုလိုက်ရ ပါတယ်။ သူတို့ ရဲ့ လူဖြစ်ရတဲ့ ဒုက္ခက အလွန်ဆိုးဝါးပါတယ်။
သတင်းအပြည့် အစုံဖတ်ရန်-ဒီမှာ

Read More...

0 comments:

Backup mobile phone

Jun 7, 2007

Backup တွေလုပ်တဲ့ အထဲမှာ ဖုန်းပါဘက်ကပ် လုပ်တာတွေ့ရတယ်။ ကိုယ့်ဖုန်းမှာ ရှိတဲ့ ဖုန်းနံပါတ်၊ အက်စ်မမ်အက်စ်၊ ကလန်ဒါ စတာတွေကို ဖုန်းပျက်တာသွားတာ ဖြစ်ဖြစ်၊ ပျောက်သွားတာ ဖြစ်ဖြစ် အလွယ်တကူ ပြန်ရအောင် ZYB မှာ အခမဲ့ အကောင့် တခုယူပြီး Backup လုပ်ထားလို့ ရတယ် ဆိုထားပါတယ်။ Samsung Motorola ၊ Siemens ၊ Sony Ericsson ၊ Nokia စတဲ့ဖုန်းအမျိုးအစားတွေကို စပို့လုပ်ပါတယ်။ သင့်မှာ ဖုန်းနံပါတ်တွေ ရာနဲ့ချီပြီး ရှိတယ်ဆို ရင်တော့ Backup လုပ်ထားတာ အဆင်ပြေပါလိမ့်မယ်။ ဘလော့ ဘက်ကပ် လုပ်သလိုပေါ့။ ZYB ရဲ့ လိပ်စာ ကတော့ https://zyb.com/


Read More...

4 comments:

Post - 101

Jun 5, 2007

Strange Blogger Redirection Bug

http://mail-1234.blogspot.com/

mail-bla bla bla (သင့်စိတ်ကြိုက်တခု) လိပ်စာကိုကလစ်လုပ်ရင် ဖြင့်ဂျီမေးကို ရောက်သွားပါလိပ်မည်။ အော်တို လော့ကင် လုပ်ထားလျှင် မေးတခါထဲ ပွင့်သွားပါလိပ်မည်။ ကို phydeaux ဆီကတွေကလို့ တင်လိုက်ပါသည်။
http://mail-181bayintnaung.blogspot.com

How to hack into blogger

To see what's possible, take a look at http://sacrificezone.blogspot.com/

Blog Window/ Most popular post on your blog widget

Get here: http://affiliatebrand.com/

Read More...

0 comments:

Funny Kids

Jun 3, 2007

Read More...

1 comments: