
ဒီနေ့ ဘီဘီစီသတင်းမှာ ဖတ်ရတဲ့ တရုတ်ပြည်က ကျွန်သဖွယ် အခိုင်းခံရတဲ့ အလုပ်သမားများ အကြောင်းပါ။ ရေချိုး၊ ဆံပင်ညှတ်၊ သွားတိုက်ဖို့ အခွင့်အရေး မရှိသလို၊ တနှစ်ပတ်လုံး မလျှော် မဖွတ်ပဲ ၀တ်ထားတဲ့ အ၀တ်အစား တွေနဲ့ အလုပ်သမားတွေဟာ အနံလေး တသင်းသင်းနဲ့၊ သူတို့ ခန္ဓာကိုယ် က ဂျီးတွေက ဓါးနဲ့တောင် ချစ်ထုတ်ယူလို့ ရတယ်လို့ သတင်းကဆိုထားပါတယ်။ ရှန်ဇီ ပြည်နယ်က ပြည်နယ် ကွန်မြူနစ်ပါတီ အတွင်းရေးမှုးသား ပိုင်တဲ့ အုတ်ဖုတ် လုပ်ငန်းက အလုပ်သမားတွေရဲ့ ဘ၀တွေပါ။ အလုပ်ကောင်းကောင်း မလုပ်နိုင်တဲ့ အလုပ်သမားတယောက် ကို တူနဲ့ထု သတ်ခဲ့ တဲ့အကြောင်း၊ အုတ်တွေ ကျက်ပြီဆိုတာနဲ့ မအေးခင် သယ်ခိုင်းတဲ့အတွက် ခန္ဓာကိုယ်တွေမှာ အပူလောင် ဒဏ်ရာတွေခံထားရတဲ့အကြောင်း၊ သူတို့ အလုပ်ပင်ပင်ပန်းပန်း လုပ်ပေမဲ့ ရရှိတဲ့ လုပ်ခကတော့ ရေနဲ့၊ ပေါင်မုန့်သာဖြစ်ကြောင်း စိတ်မသက်သာ စွာ ဖတ်ရှုလိုက်ရ ပါတယ်။ သူတို့ ရဲ့ လူဖြစ်ရတဲ့ ဒုက္ခက အလွန်ဆိုးဝါးပါတယ်။
သတင်းအပြည့် အစုံဖတ်ရန်-
ဒီမှာ
0 comments:
Post a Comment