DVB Card အကြောင်း

Apr 30, 2007



(Digital Video BoardCasting) DVB Card ဟာ ကွန်ပြူတာ PCI slot မှာတက်ဆင်၍ satellite internet and satellite TV များကိုအသုံးပြုကြည့်ရှုလို့ရတဲ့ card တခုဖြစ်ပါတယ်။ Digital receiver တွေနဲ့ကွာခြားချက်က အရွယ်အစားသေးတယ်၊ satellite internet (one way) ပါအသုံးပြုလို့ရတယ်။ ဈေးနှုန်းလဲမဆိုးဘူး (အမျိုးအစားအလိုက်)။ LAN ကနေတခြား သူငယ်ချင်းများကိုရှဲ လုပ်ပြီးကြည့်ရှုလို့ရပါတယ်။ Internet ထဲမှာ သူ့အတွက်လိုအပ် အထောက်အကူပြုတဲ့ software ပေါင်းဆုံကို ရှာဖွေ ရယူနိုင် ပါတယ်။ free and pay tv တော်တော်များများ ကိုစိတ်ချမ်းသာစွာ အခမဲ့ ကြည့်လို့ရတယ်။ ကိုရှာချင်တဲ့ satellite transponder ကို satfinder အသုံးပြုပြီး တယောက်ထဲအဆင် ပြေစွာရှာလို့ရတယ်။ Computer မှာတပ်ဆင်အသုံးပြုတာ ဖြစ်တဲ့အတွက်ကြောင့် မိမိကွန်ပြူတာ အလုပ်လုပ်နိုင်မှုစွမ်းရည်တော့ ကောင်းဖို့လိုတယ်။ C band, Ku band နှစ်ခုလုံးနဲ့ ကောင်းကောင်း အလုပ် လုပ်တယ်။
Technorati:

Read More...

0 comments:

ခွေးဂေါ်လီ


Technorati:

Read More...

0 comments:

Template sharing

ယခုလက်ရှိအသုံးပြုနေသော သာမန်(old blogger) တန်းပလိပ်တစ်ခုဖြစ်ပါတယ်။ ဆန္ဒရှိသူများ အသုံးပြုနိုင်ရန် မျှဝေထားခြင်း ဖြစ်ပါသည်။ မူရင်းဒီဇိုင်းကို အနဲငယ်ပြုပြင်ထားချင်းဖြစ်ပါသည်။

This old blogger template is designed by Blogger & Blogger Templates and edited by me. Please make sure to make a backup of your older template before using of this template. If you have any suggestion, Plz drop your comment! THanks.
Download here
Technorati:

Read More...

0 comments:

Online Guitar Learing

Apr 22, 2007

ဂစ်တာတီး ၀ါသနာပါသူများ လေ့လာနိုင်တဲ့ လင့်တခုပါ။ Switzerland က ဂစ်တာဆရာ Jürg Hochweber ရဲ့ ၀က်ဆိုက်မှာ guitar notes များ၊ midi files များနှင့်လဲ တီးလုံးသံကို နားထောင်နိုင်သလို၊ video နဲ့လည်း မိမိကျွမ်းကျင်ရာ အဆင့်အလိုက် သင်ကြားလေ့ ကျင့်နိုင်ပါတယ်။

http://www.hochweber.ch

Read More...

0 comments:

အတောင်ပံတွေ

Apr 21, 2007

Read More...

0 comments:

Tummy Tumour


110 pound (50kg) tumour in her abdomen.
sky news

Read More...

0 comments:

Picture in Darfur

Apr 17, 2007


Hawa Djamaladeen sits with Amina Issak on her lap. Hawa’s brother, Ali Abdul Nabi, and his two children were murdered in the attack on the villages of Marena and Tiero. When Hawa arrived at the camp she hadn’t eaten for a week.
Don McCullin, BBC

Read More...

0 comments:

တက်ဒီလေး

Apr 14, 2007

ကျောင်းဖွင့်ရက် ပထမဆုံးနေ့လေးတနေ့
၅တန်း အတန်းပိုင် ဆရာမဟာ အတန်းရဲ့ ထိပ်ဆုံးမှာရပ်ပြီး သူရဲ့ကျောင်းသားတွေကို ဝေ့ကြည့်ကာ "ဆရာမက မင်းတို့ အားလုံးကို တန်းတူချစ်တယ်" ပြောလိုက်တယ်။ ဒါပေမဲ့ သူမရဲ့ ရင်ထဲကစကားတွေ ဖြစ်ချင်မှဖြစ်လိပ့်မယ်။ အကြောင်းကတော့ ရှေ့ဆုံးတန်းမှာ သူမပြောနေရင်း ခုံပေါ်ကပြုတ်ကြသွားတဲ့ တက်ဒီလို့ ခေါ်တဲ့ ကျောင်းသား လေးကြောင့်..
ဆရာမ သော်မ်ဆန် ဟာ တက်ဒီလေးကို အချိန်အတော်ကြာ စောင့်ကြည့်ခဲ့တယ်။ သူမသတိထားမိခဲ့ တာက တက်ဒီလေးဟာ အခြားကလေးများနဲ့ ဆော့ကစားချင်းမရှိ၊ သူ့ရဲ့ အ၀တ်အစားတွေဟာ အလွန်ညစ်ပတ်ပေရေနေတာဆိုတာပဲဖြစ်တယ်။ အဲဒီအချက်တွေ ကြောင့် ဆရာမက တက်ဒီလေးရဲ့ မှတ်တမ်းမှာ မှင်နီ ကြီးနဲ့ F ဆိုပြီးမှတ်ချက်ပေးလိုက်တယ်။
တနေ့မှာ ကျောင်းသားအားလုံးရဲ့ ကိုယ်ရေးမှတ်တမ်း တွေကို ပြန်ကြည့်ဖို့ ဆရာမ သော်မ်ဆန် စိတ်ကူးပေါက်တာနဲ့ အားလုံးရဲ့ ရက်ကော့တွေကို ပြန်ဖတ်ကြည့်ခဲ့တယ်။ တက်ဒီလေးရဲ့ ဖိုင်ကိုဖတ်မိတဲ့ အချိန်မှာ ဆရာမဟာ အလွန်အံ့အား သင့်သွားတယ်။
သူ့ ပထမတန်းက ဆရာမက မှတ်ချက်ရေးထားတာက "တက်ဒီလေးက စာတော်တယ်။ အမြဲရီပြုံးနေပြီး ကျောင်းစာတွေကို သေသေသပ်သပ်လုပ်တက်တယ်။"
ဒုတိယတန်း ဆရာမက "တက်ဒီလေးဟာ ထူးချွန်တဲ့ ကျောင်းသားတယောက်ဖြစ်တယ်။ ဒါပေမဲ့ သူ့အမေ သေလုမျောပါး ဖျားတဲ့ အချိန်မှာ သူ့ဘ၀လေး အတွက်ပြသနာ တချို့စလာတယ်။"
တတိယတန်းဆရာမက "သူ့အမေသေဆုံးချင်းဟာ သူ့အတွက်ခက်ခဲတဲ့ အကြောင်း အရာဖြစ်ခဲ့တယ်။ သူဟာ အကောင်းဆုံးဖြစ်အောင် ဆက်ကြိုးစားခဲ့တယ်။ ဒါပေမဲ့ သူအဖေရဲ့ ဂရုမစိုက်ချင်းတွေဟာ သူအပေါ်ကိုအကြိုး သက်ရောက်မှုတွေဖြစ်လာတယ်။"
စတုတ္တန်းဆရာမက "တက်ဒီဟာ ကျောင်းတက်ရတာ စိတ်ဝင်စားမှုမရှိ၊ တခါတရံ အခန်းထဲ အိပ်တက်တယ်။" လို့ အသီးသီး မှတ်ချက်တွေကို ဖတ်လိုက်ရတယ်။ အဲဒီအချိန် မှာ ပြသနာရဲ့ ဇစ်မြစ်ကို ဆရာမနားလည် သွား တယ်။ သူမကို သူမရှက်မိတယ်။
ဆရာမအတွက် ခရစ်မတ် လက်ဆောင်တွေပေးကြတဲ့ အချိန်မှာ တက်ဒီလေးက လွဲလို့ ကျန်တဲ့ လက်ဆောင်တွေဟာ လှပသေသပ်တဲ့ လက်ဆောင်ထုပ်ကလေးတွေ။ အဲဒီအတွက် ဆရာမ အလွန်စိတ်မ ကောင်းဖြစ်ရတယ်။ တက်ဒီရဲ့ လက်ဆောင်က စားစရာ ပစ္စည်းတွေထုပ်တဲ့ အညိုရောင် စာရွက်ကြီးနဲ့မသေမ သပ်ထုပ်ထားတယ်။ ကျောင်းသားအားလုံးရဲ့ အလယ်မှာ ဆရာမဟာ နာကျင်စွာနဲ့ တက်ဒီလက်ဆောင်လေးကို ဖွင့်ကြည့်ခဲ့တယ်။ ကျောက်တချို့မရှိတော့တဲ့ လက်ကောက်နဲ့ ပုလင်းဖင်ကပ်နီးပါးသာ ကျန်တော့တဲ့ ရေမွှေး ပုလင်းကို တွေ့လိုက်တဲ့အချိန်မှာ ကျောင်းသားတွေက ၀ိုင်းရယ်ကြတယ်။ ဒါပေမယ့် ဆရာမက ကျောင်းသားတွေကို တားလိုက်ပြီး လက်ကောက်က ဘယ်လောက်လှကြောင်း၊ ရေမွှေးကိုလဲ သူ့လက်မှာ စွတ်ပြလိုက်တယ်။ ကျောင်းဆင်းပြီးသွားတဲ့အချိန် တက်ဒီလေးဟာ "ဆရာမဆီကအမေ့ ကိုယ်သင်းအနံ့ လေးလိုပဲရတယ်လို့" ပြောခဲ့တယ်။ အဲဒီနေ့မှာ ဆရာမ တနာရီလောက် ငိုခဲ့တယ်။
နောက်ရက်တွေမှာ ပုံမှန်အတိုင်းပဲ ဆရာမကျောင်းသားတွေကို စာဆက်သင်တယ်။ တက်ဒီလေးကိုလဲ ပုံမှန် ဂရုစိုက်ခဲ့တယ်။ သူမပိုဂရုစိုက်လေ တက်ဒီဘ၀လေးဟာ ပိုပြီးဝင်းလက်လာလေဖြစ်လာတယ်။ နှစ်ကုန်တော့ တက်ဒီလေးဟာ အတန်းထဲမှာ ထူးချွန်တဲ့၊ ဆရာမချစ်တဲ့ ကျောင်းသားလေးတယောက်ဖြစ်လာတယ်။ နောင်တနှစ်အကြာ တက်ဒီဆီက သူ့ဘ၀မှာ ဆရာမဟာ အတော်ဆုံး ဆရာမတယောက် ဆိုတဲ့အကြောင်း ရေးထားတဲ့ စာပိုင်းလေးသူမရခဲ့တယ်။
အဲလိုနဲ့ အချိန်တွေကုန်လွန်ပြီး ၆နှစ်ကြာတဲ့အခါ တက်ဒီဆီက စာနောက်တ စောင်ထပ်ရခဲ့တယ်။ သူအထက်တန်းကျောင်းပြီးသွားပြီဆိုတဲ့အကြောင်း၊ အတန်းထဲ မှာအဆင့် ၃နဲ့အောင်တဲ့အကြောင်း၊ ဆရာမဟာ သူ့ဘ၀ရဲ့ အကောင်းဆုံး အတော်ဆုံးဆရာမတယောက်ဆိုတာတွေကို ရေးထားတယ်။ နောက်ထပ် လေးနှစ်အကြာမှာ သူတက္ကသိုလ် ကို ထူးချွန်စွာနဲ့ ပြီးသွားကြောင်း စာတစောင်ထပ်ရပြန်တယ်။ နောက်ဆုံးတော့ တက်ဒီလေးဟာ အောင်မြင်ထူးချွန်တဲ့ လူကြီးတယောက်ဖြစ်သွားတယ်။ သူ့ရဲ့ မင်္ဂလာဆောင်မှာ ဆရာမကို သူ့အမေကိုယ်စား ဖိတ်ကြားခဲ့တယ်။ ဆရာမရဲ့ ကြင်နာနွေးထွေးမှုလေးဟာ ကလေးတယောက်ရဲ့ ဘ၀ကြီးကိုပြောင်းလဲသွားစေခဲ့တယ်။ လူဘ၀ ခဏတာလေးမှာ မိမိတက်နိုင်သလောက် နွေးထွေးမှု လိုအပ်နေတဲ့ နှလုံးသားလေး တွေကို ကူညီလိုက်ကြစို့။
-ဘာသာပြန်

Read More...

1 comments:

Golf Hats

Apr 12, 2007




Read More...

0 comments:

Thin-Gyan(1977)

U Tint Lwin (Customs)

လွန်ခဲ့သောနှစ်ပေါင်း၃၀ လောက်က မြန်မာတို့ရဲ့ချစ်စရာကောင်းသော၊ ပျော်စရာကောင်းသော ရိုးရာသင်္ကြန် ရေကစားဟန်။

Read More...

0 comments:

Have you been drinking?

A policeman pulls a man over for speeding and asks him to get out of the car. After looking the man over he says, "Sir, I couldn't help but notice your eyes are bloodshot. Have you been drinking?"

The man gets really indignant and says, "Officer, I couldn't help but notice your eyes are glazed. Have you been eating doughnuts?"

Read More...

0 comments:

B-25 Mitchell

Apr 9, 2007


9,816 planes produced, entered service 1941
*Engines: Two 1700 hp Wright R-2600-9 Double Cyclone fourteen-cylinder air-cooled radials.
* Maximum Speed: 300 mph at 15,000 feet.
* Ceiling: 23,500 feet.
* Range: 2000 miles with 3000 pounds of bombs.
* Weight: 20,000 pounds empty, 28,460 pounds loaded, 31,000 pounds maximum.
* Wingspan: 68 feet, Length: 53 feet
* Fuel: 692 gallons. Provison for one 420-gallon drop tank
* Armament: One nose-mounted .30 caliber machine gun. Four .50 calibers, a pair in two Bendix turrets (one top and one bottom).

Read More...

0 comments:

Murder chimp

Apr 5, 2007

ယူဂန်ဒါနိုင်ငံက ရွာတရွာမှာ ချင်ပန်ဇီအထီးကြီးတကောင်ရဲ့ တိုက်ခိုက်သတ်ဖြတ်မှုကြောင့် ကလေးတွေ၊ ဆိတ်တွေ၊ ကြက်တွေ သေဆုံးခဲ့ကြ တယ်။ အကြမ်းမျင်းအားဖြင့် ချင်တို့ဟာ သစ်ဥသစ်ဖုတွေ၊ အရွက်တွေစားသောက်ကြတယ်။ ချင်များဟာ လူတွေသင်ကြားပေးရင် အတော်လေးကို လိမ္မာပြီး၊ သင်တဲ့အတိုင်းလုပ်နိုင်ကြတယ်။ တောရိုင်းသတ္တ၀ါ တကောင်နဲ့မတူဘူး။ ဘာကြောင့် ချင်အထီးကြီး ဒီလိုလုပ်ခဲ့လဲဆိုတာ ပညာရှင်တို့ အဖြေရှာ လေ့လာခဲ့ကြတယ်။ ချင်တို့ရဲ့ အနေအထိုင် အလေ့အထတို့ကို အသေးစိတ်လေ့လာ ခဲ့ရာနောက်ဆုံးချင်တို့ ဟာအသားစားတယ်ဆိုတာကို တွေ့ရှိခဲ့ ကြတယ်။ ချင်တို့ဟာအမဲလိုက်ကြတယ်။ သူတို့ထက်ငယ်တဲ့ အခြားမျောက်များကို ဖမ်းယူစား သောက်ကြတယ်။ မျောက်တွေသစ်ပင်တက်ကျွမ်းကျင်တာ ချင်ကိုလွတ်အောင်မရှောင်နိုင်ဘူး။


ချင်ပန်ဇီအထီးကြီးဟာ ကျားများလိုပဲ ရွာထဲကိုအလစ်ဝင်ပြီး ကလေးငယ်တွေ၊ ဆိတ်တွေ၊ ကြက်တွေကို ၀င်ဆွဲ တယ်။ မိဘများသိလို့ ၀ိုင်းလိုက်ကြတဲ့အခါ တချို့ကလေးတွေကို ပြန်ရတယ်။ ဒါပေမည့်ကလေးတွေကမျာ ချင်ကြီးကိုက်လို့ လက်ပျက်၊ ချေပျက်တွေနဲ့ ဒုတ္ခိတလေးတွေဖြစ်ကုန်ကြတယ်။ ကလေးငယ်လေးတယောက် ဆို မိခင်လက်ထဲက အတင်းလုပြီးထွက်ပြေးတယ်။ နောက်ပြန်ရတော့မျက်နှာတခုလုံးရစရာ မရှိအောင် ရုပ်ပျက်ဆင်းပျက်နဲ့ နောက်ဆုံးသေဆုံးသွားတယ်။ နောက်ဆုံးတော့ရွာသားတွေ အမဲလိုက်မုဆိုးများအကူအနဲ့ ချင်ကြီးကို အသေသတ်နိုင်ခဲ့တယ်။

ချင်တို့ဟာအချင်းချင်း နယ်မြေလုကြရင်ဖြစ်ဖြစ်၊ အကြောင်းအမျိုးမျိုးကြောင့် တိုက်ခိုက်ကြရင်အလွန် ကြောင်စရာကောင်းလောက်အောင်အုပ်စုဖွဲ့ တိုက်ခိုက်ကြတယ်။ လူများလိုပဲ လက်နဲ့ရိုက်၊ တက်ခုံတဲ့ကောင် ကခုံ၊ ကိုက်တဲ့ ကောင်ကကိုက်နဲ့ သေတဲ့အထိတိုက်ခိုက်ကြတယ်။ ယူဂန်ဒါက တကယ့်အဖြစ်အပျက်ကို documentary အဖြစ်ရိုက်ထားတာကာ ပြန်လည်ရေးသားလိုက်ချင်းဖြစ်ပါတယ်။

Read More...

0 comments:

သတိရမိသော သင်္ကြန်

Apr 4, 2007

မကြာခင်တောင်သင်္ကြန်ရောက်တော့မယ်။ ဘာရယ်မဟုတ်၊ စိတ်ထဲမှာတော့သတိရနေတယ်။ ကလေးပေါက်စတုန်းက ခွက်ကလေးတလုံးနဲ့ ရေပတ်၊ သင်္ကြန်ရောက်ရင် ဘာမှတော့မသိတတ်သေး။ ဒါပေမယ့်အလွန်ပျော်တယ်။ လမ်းမမှာ လာသမျှလူအကုန်ပတ်။ တခါတလေ လူသွားလူလာ နည်းတဲ့အချိန် အချင်းချင်းပတ်ကြ။ ကလေးဘ၀က ပျော်စရာကောင်းတယ်။ အရွယ်နည်းနည်းကြီးလာတော့ ရေပျွတ်လေးတွေနဲ့ရေပတ်။ ပိုကြီးလာတော့ သူငယ်ချင်းတွေနဲ့ ကားတစီးနဲ့လျှောက်လည်။ ခုတော့ လဲ သင်္ကြန်ဆိုတာ ဘာမှန်းမသိတာ ၆-၇ နှစ်နီးပါးရှိတော့မယ်။ သင်္ကြန်ရဲ့ ဖီလင်လေးကို တော့လွမ်းသား။

Read More...

0 comments:

Change the strong password policy

Apr 3, 2007

Windows Server 2003 မှာ password policy ကို မချိန်းထားရင် ယူဇာယောက်ကို add လုပ်တဲ့အခါမှာ ပတ်စ်ဝက်ပေါ်လစီနဲ့မကိုက်ဘူးဆိုတဲ့ မက်ဆေ့ တက်လာပါပြီး addလို့မရပါဘူး။
Windows cannot set the password for because: The password does not meet the password policy requirements. Check the minimum password length, password complexity and password history requirements.

အဲဒီကောင်ကိုချိန်းဖို့အောက်မှာပြထားတဲ့အတိုင်းလုပ်လို့ရပါတယ်။
Administrative Tools မှ Domain Security Policy ကိုသွားပါ။ ပြီးလျှင် Security Settings > Account Policies > Password Policy. Minimum password length ပေါ်ရိုက်ကလစ်ထောက်၍ Properties ကိုသွားပါ။

ပုံမှာပြထားတဲ့အတိုင်း Zero (0) ကိုထည့်၍ OK လုပ်ပါ။

Passwords must meet complexity မှ properties ကိုဆက်သွားပါ။
Disabled ကိုရွေးပါ။
Run... မှာ cmd ကိုရိုက်ထဲ့ပါ။ ထို့နောက် gpupdate /force ဆိုတာကိုရန်းလိုက်ပါ။ ပြီးလျှင် [Exit] ကိုရိုက်၍ ပြန်ထွက်ပါ။ အားလုံးပြီးသွားလျှင် ယူဇာအသစ်ကို add လုပ်တဲ့အခါ ကိုကြိုက်တဲ့ password သို့မဟုတ် ယူဇာအသုံးပြုချင်သော password ကိုအသုံးပြုလို့ရသွားပါပြီ။

Read More...

0 comments:

C-5B





Disaster(2006)

Read More...

0 comments:

The resplendent quetzal

Apr 1, 2007


Quetzal လို့အမည်ရတဲ့အရောင်အသွေးတောက်ပတဲ့ ငှက်တွေဟာကမ္ဘာ့အလှဆုံးငှက် အမျိုးအစားတွေထဲ မှာ တခုအပါအ၀င်ဖြစ်တယ်။ အဲဒီအရောင်အသွေးစုံတဲ့ငှက်တွေကို အမေရိကအလယ်ပိုင်း အပူပိုင်းသစ်တော တွေမှာနေထိုင်ကြပြီး၊ သီးနှံ ပိုးမွှားတွေကို စားသောက်ကြတယ်။ အထီး Quetzal တွေဟာ မလိုက်တဲ့ အချိန်ရောက်ရင်တော့ အလွန်အံ့သြစရာကောင်းတဲ့ တစ်မီတာလောက်ရှည်တဲ့အမြီး၂ချောင်းပေါက်လာတယ်။ အမငှက်တွေမှာတော့ မရှိကြဘူး၊ ဒါပေမယ့် သူ့အဖိုငှက်နဲ့လိုက်ဖက်တဲ့အရောင်တွေ ကိုပြောင်းလဲကြတယ်။
သူတို့တွေပေါင်း ဖက်ပြီးသွားရင် quetzal စုံတွဲဟာသူတို့ရဲ့ အားကောင်းလှတဲ့နုတ်သီးတွေနဲ့သစ်ပင်တွေ မှာအပေါက်ဖောက်ပြီးအသိုက်လုပ်ကြတယ်။ ဥ ဥချပြီးသွားရင်အဖိုနဲ့အမတို့ဟာ တလှည့်စီဝပ်ကြတယ်။ quetzal အကောင်ပေါက်လေးတွေဟာမွေးပြီး ၃ပတ်အကြာမှာ စတင်ပျံနိုင်ကြတယ်လို့သိရတယ်။ ဒီ quetzal ငှက်တွေဟာ Guatemala နိုင်ငံရဲ့ အမှတ်တဆိပ် သင်္ကေတတခုလဲဖြစ်တယ်။ သုံးစွဲတဲ့ငွေကြေးကို quetzal လို့အမည်တွင်တယ်။ ဒါပေမဲ့ quetzal ငှက်တွေဟာ သူတို့ရဲ့အလှပကြောင့် Guatemala နဲ့ သူတို့ကျင်လည်ရာပတ်ဝင်းကျင်တွေမှာ ဖမ်းဆီးသတ်ဖျက်ခံရတဲ့ ဘေးအန္တရာယ်နဲ့ကြုံတွေ့နေရတယ်။ အဲဒီ ဘေးအန္တရာယ်တွေကကာကွယ်စောင့်ရှောက်ဖို့ Costa Rica ရဲ့သစ်တောတချို့ကို ကာကွယ်တောများအဖြစ်ထားရှိပြီး ကမ္ဘာအရပ်ရပ် ငှက်ကြည့်ပရိတ်သတ် တွေကြည့်ရှုလို့ရအောင် စီစဉ်ထား ကြောင်း သိရပါတယ်။(Nationa Geographic channel)

Read More...

0 comments: