DVB Card အကြောင်း

Apr 30, 2007



(Digital Video BoardCasting) DVB Card ဟာ ကွန်ပြူတာ PCI slot မှာတက်ဆင်၍ satellite internet and satellite TV များကိုအသုံးပြုကြည့်ရှုလို့ရတဲ့ card တခုဖြစ်ပါတယ်။ Digital receiver တွေနဲ့ကွာခြားချက်က အရွယ်အစားသေးတယ်၊ satellite internet (one way) ပါအသုံးပြုလို့ရတယ်။ ဈေးနှုန်းလဲမဆိုးဘူး (အမျိုးအစားအလိုက်)။ LAN ကနေတခြား သူငယ်ချင်းများကိုရှဲ လုပ်ပြီးကြည့်ရှုလို့ရပါတယ်။ Internet ထဲမှာ သူ့အတွက်လိုအပ် အထောက်အကူပြုတဲ့ software ပေါင်းဆုံကို ရှာဖွေ ရယူနိုင် ပါတယ်။ free and pay tv တော်တော်များများ ကိုစိတ်ချမ်းသာစွာ အခမဲ့ ကြည့်လို့ရတယ်။ ကိုရှာချင်တဲ့ satellite transponder ကို satfinder အသုံးပြုပြီး တယောက်ထဲအဆင် ပြေစွာရှာလို့ရတယ်။ Computer မှာတပ်ဆင်အသုံးပြုတာ ဖြစ်တဲ့အတွက်ကြောင့် မိမိကွန်ပြူတာ အလုပ်လုပ်နိုင်မှုစွမ်းရည်တော့ ကောင်းဖို့လိုတယ်။ C band, Ku band နှစ်ခုလုံးနဲ့ ကောင်းကောင်း အလုပ် လုပ်တယ်။
Technorati:

0 comments: