pity

Dec 29, 2006

Read More...

0 comments:

Dec 26, 2006


!!!!MERRY CHRISTMAS!!!!
Have a very merry christmas!

Read More...

0 comments:

Ball washer

Dec 21, 2006

Have you ever seen a ball washer?
......

That is a ball washer. A piece of equipment for the cleaning of dirty ball( golf ball only). Ball washers can be operated either by hand or electronically.

Read More...

1 comments:

ဗုဒ္ဓဟူးညနေ

ဒီတရက်နှစ်ရက်အတွင်း ရာသီဥတုအပြောင်းကအရမ်းမြန်တယ်။ နှင်းတွေကြပြီး အေးလိုက်တာ တိုနေတာပဲလို့ ဆိုရမလိုဖြစ်နေတယ်။ ကျောင်းရောက်တော့ ဆရာ့အခန်း ကကွန်ပျူတာမှာ လုပ်စရာအလုပ်လေး ရှိတာနဲ့ ဒီနေ့ သွားလုပ်တယ်။ wow သူ့အခန်း ကလည်း အပြင်နီးပါး အေးစိမ့်နေတယ်။ အပူပေး စနစ်ကလည်း နှစ်ပေါင်း အတော်ကြာအောင် ပြုပြင်ချင်း မရှိတော့ မပူနိုင်တော့ဘူး။ ၁၀ မိနစ် ၁၅ မိနစ်လောက် လည်းနေပြီးရော ဘယ်လိုမ ဆက်မနေ နိုင်တော့ဘူး။ အဲဒါနဲ့ ကို့ အခန်းက ဟီတာလေး ပြေးဆွဲပြီး ဖွင့်ထားမှ နေသာသွားတယ်။ ဒါပေမဲ့ ဆရာကတော့ ဘာဟီတာ မှမသုံးပဲ နေနိုင်တယ်။ ၀တာက တကြောင်း၊ ငယ်ငယ်ထဲက ကျင့်သားရနေတာလဲ ပါမယ်ထင်ပါတယ်။ အဲလိုနဲ့ အလုပ်ပြီးတော့ ညနေ ၆နာရီလောက် ပြန်လာတော့ လမ်းမှာ ကလေးတွေ ကိုတွန်းလှည်းလေး တွေထဲ ထည့် ပြီး အမေ တွေလမ်းလျောက် ထွက်နေတာတွေ့ရတယ်။ ကလေးတွေက လမ်းမလျောက် နိုင်သေးတဲ့အရွယ်လေးတွေ။ သူတို့တွေ ကိုအနွေးထည်တွေနဲ့သေချာ ထုတ်ထား တာအရုပ်တွေလိုပဲ။ ပါးလေးတွေက နီလို့၊ ပြူးကြောင်ကြောင်လေး။ ဗမာအတွေး နဲ့ ဘာလို့ကလေးပေါက်စကို ဒီလောက်အေးနေတာ အပြင်ခေါ်ရတာလဲ လို့ဖြစ်မယ်။ ကျတော်တို့တောင် အေးလို့ သွားရလာရတာ အဆင်မပြေလှဘူး။ သူ့တို့အတွက်ကတော့ အဆင်အဆက် ဒီလိုပဲလုပ်လာကြတော့ မထူးခြားတဲ့အလေ့အကျင့် တခုပဲဖြစ်မှာပါ။ နေရာ ဒေသပေါ်မူတည် ပြီးမတူညီတဲ့အတွေးအခေါ်လေးတွေပါ။ အေးစိမ့်စိမ့် နဲ့ပဲ ဗုဒ္ဓဟူးညနေ တခု ကုန်သွားပြန်ပြီ။

Read More...

0 comments:

Nicknames of golf clubs(equipments)

Dec 20, 2006

Woods

  • [1] Driver
  • [2] Brassie
  • [3] Spoon
  • [4] Baffy

Irons

  • [1] Driving Iron
  • [2] Midiron
  • [3] Mid-Mashie
  • [5] Mashie
  • [7] Mashie-Niblick
  • [9] Niblick

Wedges

  • [48 degree] Pitching Wedge (PW)
  • [52 degree] Gap Wedge (GW) or Approach Wedge (AW)
  • [56 degree] Sand Wedge (SW)
  • [60 degree] Lob Wedge (LW)

Read More...

0 comments:

Fish dance on sulphur cauldrons

Dec 18, 2006

အနောက်ဖက် ပစိဖစ်သမုဒ္ဒရာ အောက်ကမီးတောင်တွေနားမှာနေတဲ့ tonguefish(လျှာနဲ့တူလို့နဲ့တူတယ်) လို့ခေါ်တဲ့ ထူးဆန်းတဲ့ ငါးတမျိုးကို ပညာရှင်များလေ့လာထား တဲ့အကြောင်းပါ။ ဆာဖာ တွေကြောင့် ပတ်ဝန်းကျင်ရေရဲ့ pH က ၂ (ဆာဖူရစ်အက်ဆစ်ကဲ့သို့) ပဲရှိပြီး၊ ရေရဲ့အပူချိန်က ၁၈၀ ဒီဂရီ ရှိတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ အဲဒီငါးတွေ ကတော့ရှင်သန်ကြကြောင်း၊
ငါးတွေကိုမှတ်တမ်းတင်ရိုက်တဲ့ Jason vehicle လေးမှာလည်း ဆာဖာတွေ ကပ်ပေနေတဲ့ပုံပါ။ အပြည့်အစုံကိုတော့ ဒီနေရာလေး မှာဖတ်ရှုပါ။

Read More...

2 comments:

ကလောမြို့လေး

Dec 14, 2006

အေးမြတဲ့ရာသီဥတုနဲ့ နေလို့ကောင်းတဲ့ တောင်ပေါ်မြို့လေးတမြို့ပါ။ မြို့လေးကသေးပေမဲ့ တောတောင် ထင်းရှုးပင်တွေ နဲ့တော်တော်လှတဲ့မြို့လေးပါ။ ၅ ရက်တဈေးဆိုရင် မြို့နီး ပတ်ဝန်းကျင် ရွာတွေက လတ်ဆက် တဲ့ သီးနှံဟင်းရွက် မျိုးဆုံလာရောက်ရောင်းချကြတာ ဈေးလေးက အလွန်စည်ပါတယ်။ ကျတော်နေခဲ့တဲ့ အိမ်နားမှာ ကွေ့ကွေ့ကောက်ကောက် ဖောက်လုပ်ထားတဲ့ သာစည်-ရွှေညောင် ရထားလမ်းရှိတယ်။ ရထားကြီး ဖြတ်သွားတဲ့အချိန် မြင်ရတဲ့မြင်ကွင်း တော်တော်ကြည့်လို့ကောင်းတယ်။ အိမ်ကလဲ အင်္ဂလိပ် ခေတ်ကဆောက်ခဲ့ အိမ်အိုကြီးတွေကို ပြန်ပြုပြင် ထားတဲ့အိမ်ကြီးတွေပါ။ မီးလင်းဖိုတွေ၊ အခန်းတွေလဲ အများကြီးပါ။ ပြီးတော့ အဲဒီ အိမ်ကြီးက ရာဇ၀င်ရှိပါတယ်။ အိမ်ပိုင်ရှင် ကုလားကြီး ကမကျွတ်မလွတ် တဲ့ဘ၀နဲ့ ကျတော်တို့နေခဲ့ အချိန်ထိ အဲဒီအိမ်မှာရှိနေခဲ့တယ်။ အဲဒါတွေကလဲတော်တော် တော့ထူးဆန်းတယ်။ ဘ၀မှာ ပထမဆုံး ကြုံခဲ့တဲ့ အတွေ့အကြုံတခု။ ကလောမြို့မှာ ဂေါတခါးပင် တော်တော်စိုက်ကြ တယ်။ ဂေါတခါးသီး၊ သစ်တော်သီး တွေပေါတယ်။ ကလောမြို့ကနေ ပင်းတရလှိုင်ဂူ၊ ပုတ်တလုပ်ကန်၊ အင်းလေးကန် တွေကိုနေ့ချင်းပြန်သွားရောက်လည်လို့ရတယ်။ ကလောဂေါက်ကွင်းက အကောင်းကြီးမဟုတ်ပေမဲ့ လည်းရိုက်လို့ကောင်းတဲ့နေရာတခုပါ။ အဲဒီမြို့လေးမှာ နေခဲ့ရတဲ့ အချိန်တွေက တော့အမြဲအမှတ်တရ ရှိတယ်။

Read More...

2 comments:

ငြိမ်းချမ်းပါစေ။

Dec 13, 2006

မြန်မာ ဘလော့ဂါ လောကကြီး အောင်မြင်၊ တိုးတက် ငြိမ်းချမ်းပါစေ။
ခဏတာ ပြန်ရောက်တုံးလေး နုတ်ဆက်တာပါ။

Read More...

0 comments:

......

Read More...

0 comments: