ဗုဒ္ဓဟူးညနေ

Dec 21, 2006

ဒီတရက်နှစ်ရက်အတွင်း ရာသီဥတုအပြောင်းကအရမ်းမြန်တယ်။ နှင်းတွေကြပြီး အေးလိုက်တာ တိုနေတာပဲလို့ ဆိုရမလိုဖြစ်နေတယ်။ ကျောင်းရောက်တော့ ဆရာ့အခန်း ကကွန်ပျူတာမှာ လုပ်စရာအလုပ်လေး ရှိတာနဲ့ ဒီနေ့ သွားလုပ်တယ်။ wow သူ့အခန်း ကလည်း အပြင်နီးပါး အေးစိမ့်နေတယ်။ အပူပေး စနစ်ကလည်း နှစ်ပေါင်း အတော်ကြာအောင် ပြုပြင်ချင်း မရှိတော့ မပူနိုင်တော့ဘူး။ ၁၀ မိနစ် ၁၅ မိနစ်လောက် လည်းနေပြီးရော ဘယ်လိုမ ဆက်မနေ နိုင်တော့ဘူး။ အဲဒါနဲ့ ကို့ အခန်းက ဟီတာလေး ပြေးဆွဲပြီး ဖွင့်ထားမှ နေသာသွားတယ်။ ဒါပေမဲ့ ဆရာကတော့ ဘာဟီတာ မှမသုံးပဲ နေနိုင်တယ်။ ၀တာက တကြောင်း၊ ငယ်ငယ်ထဲက ကျင့်သားရနေတာလဲ ပါမယ်ထင်ပါတယ်။ အဲလိုနဲ့ အလုပ်ပြီးတော့ ညနေ ၆နာရီလောက် ပြန်လာတော့ လမ်းမှာ ကလေးတွေ ကိုတွန်းလှည်းလေး တွေထဲ ထည့် ပြီး အမေ တွေလမ်းလျောက် ထွက်နေတာတွေ့ရတယ်။ ကလေးတွေက လမ်းမလျောက် နိုင်သေးတဲ့အရွယ်လေးတွေ။ သူတို့တွေ ကိုအနွေးထည်တွေနဲ့သေချာ ထုတ်ထား တာအရုပ်တွေလိုပဲ။ ပါးလေးတွေက နီလို့၊ ပြူးကြောင်ကြောင်လေး။ ဗမာအတွေး နဲ့ ဘာလို့ကလေးပေါက်စကို ဒီလောက်အေးနေတာ အပြင်ခေါ်ရတာလဲ လို့ဖြစ်မယ်။ ကျတော်တို့တောင် အေးလို့ သွားရလာရတာ အဆင်မပြေလှဘူး။ သူ့တို့အတွက်ကတော့ အဆင်အဆက် ဒီလိုပဲလုပ်လာကြတော့ မထူးခြားတဲ့အလေ့အကျင့် တခုပဲဖြစ်မှာပါ။ နေရာ ဒေသပေါ်မူတည် ပြီးမတူညီတဲ့အတွေးအခေါ်လေးတွေပါ။ အေးစိမ့်စိမ့် နဲ့ပဲ ဗုဒ္ဓဟူးညနေ တခု ကုန်သွားပြန်ပြီ။

0 comments: