သတိရမိသော သင်္ကြန်

Apr 4, 2007

မကြာခင်တောင်သင်္ကြန်ရောက်တော့မယ်။ ဘာရယ်မဟုတ်၊ စိတ်ထဲမှာတော့သတိရနေတယ်။ ကလေးပေါက်စတုန်းက ခွက်ကလေးတလုံးနဲ့ ရေပတ်၊ သင်္ကြန်ရောက်ရင် ဘာမှတော့မသိတတ်သေး။ ဒါပေမယ့်အလွန်ပျော်တယ်။ လမ်းမမှာ လာသမျှလူအကုန်ပတ်။ တခါတလေ လူသွားလူလာ နည်းတဲ့အချိန် အချင်းချင်းပတ်ကြ။ ကလေးဘ၀က ပျော်စရာကောင်းတယ်။ အရွယ်နည်းနည်းကြီးလာတော့ ရေပျွတ်လေးတွေနဲ့ရေပတ်။ ပိုကြီးလာတော့ သူငယ်ချင်းတွေနဲ့ ကားတစီးနဲ့လျှောက်လည်။ ခုတော့ လဲ သင်္ကြန်ဆိုတာ ဘာမှန်းမသိတာ ၆-၇ နှစ်နီးပါးရှိတော့မယ်။ သင်္ကြန်ရဲ့ ဖီလင်လေးကို တော့လွမ်းသား။

0 comments: