Change the strong password policy

Apr 3, 2007

Windows Server 2003 မှာ password policy ကို မချိန်းထားရင် ယူဇာယောက်ကို add လုပ်တဲ့အခါမှာ ပတ်စ်ဝက်ပေါ်လစီနဲ့မကိုက်ဘူးဆိုတဲ့ မက်ဆေ့ တက်လာပါပြီး addလို့မရပါဘူး။
Windows cannot set the password for because: The password does not meet the password policy requirements. Check the minimum password length, password complexity and password history requirements.

အဲဒီကောင်ကိုချိန်းဖို့အောက်မှာပြထားတဲ့အတိုင်းလုပ်လို့ရပါတယ်။
Administrative Tools မှ Domain Security Policy ကိုသွားပါ။ ပြီးလျှင် Security Settings > Account Policies > Password Policy. Minimum password length ပေါ်ရိုက်ကလစ်ထောက်၍ Properties ကိုသွားပါ။

ပုံမှာပြထားတဲ့အတိုင်း Zero (0) ကိုထည့်၍ OK လုပ်ပါ။

Passwords must meet complexity မှ properties ကိုဆက်သွားပါ။
Disabled ကိုရွေးပါ။
Run... မှာ cmd ကိုရိုက်ထဲ့ပါ။ ထို့နောက် gpupdate /force ဆိုတာကိုရန်းလိုက်ပါ။ ပြီးလျှင် [Exit] ကိုရိုက်၍ ပြန်ထွက်ပါ။ အားလုံးပြီးသွားလျှင် ယူဇာအသစ်ကို add လုပ်တဲ့အခါ ကိုကြိုက်တဲ့ password သို့မဟုတ် ယူဇာအသုံးပြုချင်သော password ကိုအသုံးပြုလို့ရသွားပါပြီ။

0 comments: