တက်ဒီလေး

Apr 14, 2007

ကျောင်းဖွင့်ရက် ပထမဆုံးနေ့လေးတနေ့
၅တန်း အတန်းပိုင် ဆရာမဟာ အတန်းရဲ့ ထိပ်ဆုံးမှာရပ်ပြီး သူရဲ့ကျောင်းသားတွေကို ဝေ့ကြည့်ကာ "ဆရာမက မင်းတို့ အားလုံးကို တန်းတူချစ်တယ်" ပြောလိုက်တယ်။ ဒါပေမဲ့ သူမရဲ့ ရင်ထဲကစကားတွေ ဖြစ်ချင်မှဖြစ်လိပ့်မယ်။ အကြောင်းကတော့ ရှေ့ဆုံးတန်းမှာ သူမပြောနေရင်း ခုံပေါ်ကပြုတ်ကြသွားတဲ့ တက်ဒီလို့ ခေါ်တဲ့ ကျောင်းသား လေးကြောင့်..
ဆရာမ သော်မ်ဆန် ဟာ တက်ဒီလေးကို အချိန်အတော်ကြာ စောင့်ကြည့်ခဲ့တယ်။ သူမသတိထားမိခဲ့ တာက တက်ဒီလေးဟာ အခြားကလေးများနဲ့ ဆော့ကစားချင်းမရှိ၊ သူ့ရဲ့ အ၀တ်အစားတွေဟာ အလွန်ညစ်ပတ်ပေရေနေတာဆိုတာပဲဖြစ်တယ်။ အဲဒီအချက်တွေ ကြောင့် ဆရာမက တက်ဒီလေးရဲ့ မှတ်တမ်းမှာ မှင်နီ ကြီးနဲ့ F ဆိုပြီးမှတ်ချက်ပေးလိုက်တယ်။
တနေ့မှာ ကျောင်းသားအားလုံးရဲ့ ကိုယ်ရေးမှတ်တမ်း တွေကို ပြန်ကြည့်ဖို့ ဆရာမ သော်မ်ဆန် စိတ်ကူးပေါက်တာနဲ့ အားလုံးရဲ့ ရက်ကော့တွေကို ပြန်ဖတ်ကြည့်ခဲ့တယ်။ တက်ဒီလေးရဲ့ ဖိုင်ကိုဖတ်မိတဲ့ အချိန်မှာ ဆရာမဟာ အလွန်အံ့အား သင့်သွားတယ်။
သူ့ ပထမတန်းက ဆရာမက မှတ်ချက်ရေးထားတာက "တက်ဒီလေးက စာတော်တယ်။ အမြဲရီပြုံးနေပြီး ကျောင်းစာတွေကို သေသေသပ်သပ်လုပ်တက်တယ်။"
ဒုတိယတန်း ဆရာမက "တက်ဒီလေးဟာ ထူးချွန်တဲ့ ကျောင်းသားတယောက်ဖြစ်တယ်။ ဒါပေမဲ့ သူ့အမေ သေလုမျောပါး ဖျားတဲ့ အချိန်မှာ သူ့ဘ၀လေး အတွက်ပြသနာ တချို့စလာတယ်။"
တတိယတန်းဆရာမက "သူ့အမေသေဆုံးချင်းဟာ သူ့အတွက်ခက်ခဲတဲ့ အကြောင်း အရာဖြစ်ခဲ့တယ်။ သူဟာ အကောင်းဆုံးဖြစ်အောင် ဆက်ကြိုးစားခဲ့တယ်။ ဒါပေမဲ့ သူအဖေရဲ့ ဂရုမစိုက်ချင်းတွေဟာ သူအပေါ်ကိုအကြိုး သက်ရောက်မှုတွေဖြစ်လာတယ်။"
စတုတ္တန်းဆရာမက "တက်ဒီဟာ ကျောင်းတက်ရတာ စိတ်ဝင်စားမှုမရှိ၊ တခါတရံ အခန်းထဲ အိပ်တက်တယ်။" လို့ အသီးသီး မှတ်ချက်တွေကို ဖတ်လိုက်ရတယ်။ အဲဒီအချိန် မှာ ပြသနာရဲ့ ဇစ်မြစ်ကို ဆရာမနားလည် သွား တယ်။ သူမကို သူမရှက်မိတယ်။
ဆရာမအတွက် ခရစ်မတ် လက်ဆောင်တွေပေးကြတဲ့ အချိန်မှာ တက်ဒီလေးက လွဲလို့ ကျန်တဲ့ လက်ဆောင်တွေဟာ လှပသေသပ်တဲ့ လက်ဆောင်ထုပ်ကလေးတွေ။ အဲဒီအတွက် ဆရာမ အလွန်စိတ်မ ကောင်းဖြစ်ရတယ်။ တက်ဒီရဲ့ လက်ဆောင်က စားစရာ ပစ္စည်းတွေထုပ်တဲ့ အညိုရောင် စာရွက်ကြီးနဲ့မသေမ သပ်ထုပ်ထားတယ်။ ကျောင်းသားအားလုံးရဲ့ အလယ်မှာ ဆရာမဟာ နာကျင်စွာနဲ့ တက်ဒီလက်ဆောင်လေးကို ဖွင့်ကြည့်ခဲ့တယ်။ ကျောက်တချို့မရှိတော့တဲ့ လက်ကောက်နဲ့ ပုလင်းဖင်ကပ်နီးပါးသာ ကျန်တော့တဲ့ ရေမွှေး ပုလင်းကို တွေ့လိုက်တဲ့အချိန်မှာ ကျောင်းသားတွေက ၀ိုင်းရယ်ကြတယ်။ ဒါပေမယ့် ဆရာမက ကျောင်းသားတွေကို တားလိုက်ပြီး လက်ကောက်က ဘယ်လောက်လှကြောင်း၊ ရေမွှေးကိုလဲ သူ့လက်မှာ စွတ်ပြလိုက်တယ်။ ကျောင်းဆင်းပြီးသွားတဲ့အချိန် တက်ဒီလေးဟာ "ဆရာမဆီကအမေ့ ကိုယ်သင်းအနံ့ လေးလိုပဲရတယ်လို့" ပြောခဲ့တယ်။ အဲဒီနေ့မှာ ဆရာမ တနာရီလောက် ငိုခဲ့တယ်။
နောက်ရက်တွေမှာ ပုံမှန်အတိုင်းပဲ ဆရာမကျောင်းသားတွေကို စာဆက်သင်တယ်။ တက်ဒီလေးကိုလဲ ပုံမှန် ဂရုစိုက်ခဲ့တယ်။ သူမပိုဂရုစိုက်လေ တက်ဒီဘ၀လေးဟာ ပိုပြီးဝင်းလက်လာလေဖြစ်လာတယ်။ နှစ်ကုန်တော့ တက်ဒီလေးဟာ အတန်းထဲမှာ ထူးချွန်တဲ့၊ ဆရာမချစ်တဲ့ ကျောင်းသားလေးတယောက်ဖြစ်လာတယ်။ နောင်တနှစ်အကြာ တက်ဒီဆီက သူ့ဘ၀မှာ ဆရာမဟာ အတော်ဆုံး ဆရာမတယောက် ဆိုတဲ့အကြောင်း ရေးထားတဲ့ စာပိုင်းလေးသူမရခဲ့တယ်။
အဲလိုနဲ့ အချိန်တွေကုန်လွန်ပြီး ၆နှစ်ကြာတဲ့အခါ တက်ဒီဆီက စာနောက်တ စောင်ထပ်ရခဲ့တယ်။ သူအထက်တန်းကျောင်းပြီးသွားပြီဆိုတဲ့အကြောင်း၊ အတန်းထဲ မှာအဆင့် ၃နဲ့အောင်တဲ့အကြောင်း၊ ဆရာမဟာ သူ့ဘ၀ရဲ့ အကောင်းဆုံး အတော်ဆုံးဆရာမတယောက်ဆိုတာတွေကို ရေးထားတယ်။ နောက်ထပ် လေးနှစ်အကြာမှာ သူတက္ကသိုလ် ကို ထူးချွန်စွာနဲ့ ပြီးသွားကြောင်း စာတစောင်ထပ်ရပြန်တယ်။ နောက်ဆုံးတော့ တက်ဒီလေးဟာ အောင်မြင်ထူးချွန်တဲ့ လူကြီးတယောက်ဖြစ်သွားတယ်။ သူ့ရဲ့ မင်္ဂလာဆောင်မှာ ဆရာမကို သူ့အမေကိုယ်စား ဖိတ်ကြားခဲ့တယ်။ ဆရာမရဲ့ ကြင်နာနွေးထွေးမှုလေးဟာ ကလေးတယောက်ရဲ့ ဘ၀ကြီးကိုပြောင်းလဲသွားစေခဲ့တယ်။ လူဘ၀ ခဏတာလေးမှာ မိမိတက်နိုင်သလောက် နွေးထွေးမှု လိုအပ်နေတဲ့ နှလုံးသားလေး တွေကို ကူညီလိုက်ကြစို့။
-ဘာသာပြန်

1 comments:

Unknown said...

တော်တော်နွေးထွေးစေတဲ့..ပုံပြင်လေးပဲ..ဘုရင့်နောင်ရယ်..ဖြစ်ရပ်မှန်လား အောင့်မေ့ရတယ်..