The resplendent quetzal

Apr 1, 2007


Quetzal လို့အမည်ရတဲ့အရောင်အသွေးတောက်ပတဲ့ ငှက်တွေဟာကမ္ဘာ့အလှဆုံးငှက် အမျိုးအစားတွေထဲ မှာ တခုအပါအ၀င်ဖြစ်တယ်။ အဲဒီအရောင်အသွေးစုံတဲ့ငှက်တွေကို အမေရိကအလယ်ပိုင်း အပူပိုင်းသစ်တော တွေမှာနေထိုင်ကြပြီး၊ သီးနှံ ပိုးမွှားတွေကို စားသောက်ကြတယ်။ အထီး Quetzal တွေဟာ မလိုက်တဲ့ အချိန်ရောက်ရင်တော့ အလွန်အံ့သြစရာကောင်းတဲ့ တစ်မီတာလောက်ရှည်တဲ့အမြီး၂ချောင်းပေါက်လာတယ်။ အမငှက်တွေမှာတော့ မရှိကြဘူး၊ ဒါပေမယ့် သူ့အဖိုငှက်နဲ့လိုက်ဖက်တဲ့အရောင်တွေ ကိုပြောင်းလဲကြတယ်။
သူတို့တွေပေါင်း ဖက်ပြီးသွားရင် quetzal စုံတွဲဟာသူတို့ရဲ့ အားကောင်းလှတဲ့နုတ်သီးတွေနဲ့သစ်ပင်တွေ မှာအပေါက်ဖောက်ပြီးအသိုက်လုပ်ကြတယ်။ ဥ ဥချပြီးသွားရင်အဖိုနဲ့အမတို့ဟာ တလှည့်စီဝပ်ကြတယ်။ quetzal အကောင်ပေါက်လေးတွေဟာမွေးပြီး ၃ပတ်အကြာမှာ စတင်ပျံနိုင်ကြတယ်လို့သိရတယ်။ ဒီ quetzal ငှက်တွေဟာ Guatemala နိုင်ငံရဲ့ အမှတ်တဆိပ် သင်္ကေတတခုလဲဖြစ်တယ်။ သုံးစွဲတဲ့ငွေကြေးကို quetzal လို့အမည်တွင်တယ်။ ဒါပေမဲ့ quetzal ငှက်တွေဟာ သူတို့ရဲ့အလှပကြောင့် Guatemala နဲ့ သူတို့ကျင်လည်ရာပတ်ဝင်းကျင်တွေမှာ ဖမ်းဆီးသတ်ဖျက်ခံရတဲ့ ဘေးအန္တရာယ်နဲ့ကြုံတွေ့နေရတယ်။ အဲဒီ ဘေးအန္တရာယ်တွေကကာကွယ်စောင့်ရှောက်ဖို့ Costa Rica ရဲ့သစ်တောတချို့ကို ကာကွယ်တောများအဖြစ်ထားရှိပြီး ကမ္ဘာအရပ်ရပ် ငှက်ကြည့်ပရိတ်သတ် တွေကြည့်ရှုလို့ရအောင် စီစဉ်ထား ကြောင်း သိရပါတယ်။(Nationa Geographic channel)

0 comments: