မိုးတွေရွာရင်

Jun 15, 2007



မိုးတွေရွာရင် နဲ့ပတ်သတ်တဲ့ ကျတော့်အကြောင်းကို ရေးရမည် ဆိုရင်တော့....
ကျတော်လဲ မိုးကိုကြိုက်နှစ် သက်တဲ့သူ တယောက်ပါပဲ။ ငယ်ငယ်တုန်း က မိုးရွာရင် သူငယ်ချင်းတွေနဲ့ ဘော်လုံးကန်၊ ဒါမှ မဟုတ်ရင် မိုးရေထဲမှာ ပြေးလွှား ဆော့ကစားပြီး မိုးရေ ချိုးခဲ့ ရတာတွေက အမြဲအမှတ် တရပါပဲ။ မိုးရေချိုး ရင်အိမ်ပေါ် က ဆပ်ပြာခွက်နဲ့ သဘက်ကိုင်ပြီး စောင့်နေတဲ့အမေ့ ကိုတောင် လွမ်းသွားပြီ။ မိုးရေချိုးပြီးရင် နွေးနွေးထွေးထွေးဝတ်ပြီး အမေချက်ထားတဲ့ ထမင်းဟင်းပူပူလေးတွေ စား။ နောက် ကျတော်က အိမ်ခေါင်မိုး ပေါ် မိုးကြတဲ့ အသံလေး တဖျောက်ဖျောက်နဲ့ အိပ်ရတာကို အရမ်းနှစ်သက်တယ်။ မိုးရွာထဲ ကားမောင်းရတာ ကိုကြိုက်တယ်။ တက္ကသိုလ်တက်တဲ့ ၅နှစ်တာ ကာလမှာလဲ မိုးတွေရွာရင် အိမ်ကို အရမ်းသတိရတယ်။ သတိရ ရနဲ့ ဂွမ်းစောင်ထဲ ကောင်းကောင်းကွေးခဲ့တယ်။ ဒီနေ့တောင် အဆောင်အပြန်မှာ မိုးရွာတာနဲ့ ကြုံခဲ့ သေးတယ်။ မိုးရွာ တာကို ထိုင်ကြည့်ရင်း မြေသင်းရနံ့ တောင်ရခဲ့သေးတယ်။ ဖိုးချမ်း Tagတာနဲ့ပါ ကြုံသွားတော့ ဒီပို့စ်ကို ရေးဖြစ်သွား ပါတယ်။ ကျတော်ဘလော့ ကိုလာလည် ကြသောမိတ်ဆွေ အပေါင်းတို့ကိုလဲ မိုးနဲ့ပတ်သတ်ပြီး ကျတော်တို့လိုပဲ အမှတ်တရများရှိရင် ရေးသားကြဖို့ ဆန္ဒရှိသူ များအားလုံး ကို တိုက်တွန်း လိုက်ရပါတယ် ခင်ဗျာ။

8 comments:

Unknown said...

အေး နာလဲရေးပီးတွားပီ ဘုရင့်နောင်ရေ..
"လူတိုင်းမှာ အမှတ်တရ ကိုယ်စီရှိကြပါဒယ်..အဲ့ဒေါ့ ahmei မှာလဲ အမှတ်တရ ရှိပါဒယ်" copy from စိုင်းစိုင်း--လရိပ်ချို :D:D:D

Anonymous said...

ကောင်မလေး ahmei ကလည်း hip hop ပဲပေါ့။

Unknown said...

အဲ့ချို ဘုရင့်နောင်က Rocker လား Rocket လား ဟီးး
စတာပါကွယ်.. ဘုရင့်နောင် ဆိုမှတော့ ဘုရင့်နောင်ပေါ့နော့်.. :D

Anonymous said...

ဟားဟားဟား။ ဘုရင့်နောင်ဆိုတော့ ပုလင်းထောင်ပေါ့ဗျာ။ :P

Chan Mya Soe said...

" မိုးရေချိုးပြီးရင် နွေးနွေးထွေးထွေးဝတ်ပြီး အမေချက်ထားတဲ့ ထမင်းဟင်းပူပူလေးတွေ စား။ နောက် ကျတော်က အိမ်ခေါင်မိုး ပေါ် မိုးကြတဲ့ အသံလေး တဖျောက်ဖျောက်နဲ့ အိပ်ရတာကို အရမ်းနှစ်သက်တယ် "

ကျွန်တော်နဲ့တူတယ်ဗျာ။ အမေ့လက်ရာကို အရမ်းလွမ်းတယ်။ ငယ်ငယ်တုန်းက မိုးရာသီက ပိုပြီး သတိရ လွမ်းဆွတ်စရာကောင်းတယ်ဗျာ။

Anonymous said...

ဟုတ်တယ်ဖိုးချမ်းရေ။ ကလေးဘ၀တုန်းက ပျော်စရာတွေကတော့ အမြဲအမှတ်တရပဲ။

Layma said...

nice photo...It gives my missing feeling of raindrop...I can recall the rainy days in my childhood because of this one....thz...

Anonymous said...

ဟုတ်တယ်.. မိုးတွေရွာရင် အိမ်လွမ်းတယ်.. =(