ဖေကြီးသောက်တဲ့အားဆေး

Aug 13, 2006

တကဲ့ဖြစ်ရပ်လေးတခုပါ။ မိသားစု ၃ယောက်ရှိတဲ့ အိမ်ထောင်တခုမှာ အဖေလုပ်သူကညနေဆို ပုံမှန်တခွက် တဖလားချပါတယ်။ ပုံမှန်ချတိုင်း မြဟင်္သာဆေးကို အမြဲရောသောက် လေ့ရှိပါတယ်။ အဲဒါကိုသားလုပ်သူက အဖေသောက်တဲ့ မြဟင်္သာကို တွေ့ဘူး၊ မြင်ဘူးနေတယ်။ ချာတိတ်က ၂တန်းလောက်တော့ရှိမယ်ထင်တယ်။ တနေ့တော့ သူတို့အိမ်ကို အသိမိတ်ဆွေများ ညနေပိုင်း လာလည်ကြတယ်။ လက်ဖက်သုတ်စား၊ ရေနွေးကြမ်းသောက် တီဗီလေးကြည့်ရင်းနဲ့ စကားပြောကြပါတယ်။ ကလေးကလည်းအမေနဲ့ ထိုင်နေတယ်။ အဲဒီအချိန်မှာ တီဗီကကြော်ငြာလာတယ်၊ ကြော်ငြာက မြဟင်္သာကြော်ငြာ၊ အဲဒါကို သားလုပ်သူက ရုတ်တရက် ထအော်တယ်...
"ဟိုမှာ ဖေကြီးသောက်တဲ့အားဆေး၊ ဖေကြီးသောက်တဲ့အားဆေး"
ဧည့်သည်တွေလည်းမနေနိုင် တော့တ၀ါးဝါးနဲ့ ၀ိုင်းရည်ကြပါတယ်။ (ခင်မင်ရင်းနှီးတဲ့သူ များဖြစ်တဲ့အတွက်) မိဘလုပ်သူ၂ယောက်ကတော့ မျက်နှာဘယ်ထားမှန်းမသိ ဖြစ်နေတော့တယ်။ အဲဒါလေးကတော့ လမ်းပန်းဆက်သွယ်ရေး အတော် ခက်ခဲတဲ့ မြန်မာပြည်နေရာလေးတခုမှာဖြစ်ခဲ့ တဲ့အဖြစ်အပျက်လေးပါ။ ဖအေလုပ်သူကတော့ငှက် ဖျားရောဂါနဲ့ အဲဒီနေရာမှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။

1 comments:

NLS said...

ဟားဟား