သတိရမိသော သင်္ကြန်

Apr 4, 2007

မကြာခင်တောင်သင်္ကြန်ရောက်တော့မယ်။ ဘာရယ်မဟုတ်၊ စိတ်ထဲမှာတော့သတိရနေတယ်။ ကလေးပေါက်စတုန်းက ခွက်ကလေးတလုံးနဲ့ ရေပတ်၊ သင်္ကြန်ရောက်ရင် ဘာမှတော့မသိတတ်သေး။ ဒါပေမယ့်အလွန်ပျော်တယ်။ လမ်းမမှာ လာသမျှလူအကုန်ပတ်။ တခါတလေ လူသွားလူလာ နည်းတဲ့အချိန် အချင်းချင်းပတ်ကြ။ ကလေးဘ၀က ပျော်စရာကောင်းတယ်။ အရွယ်နည်းနည်းကြီးလာတော့ ရေပျွတ်လေးတွေနဲ့ရေပတ်။ ပိုကြီးလာတော့ သူငယ်ချင်းတွေနဲ့ ကားတစီးနဲ့လျှောက်လည်။ ခုတော့ လဲ သင်္ကြန်ဆိုတာ ဘာမှန်းမသိတာ ၆-၇ နှစ်နီးပါးရှိတော့မယ်။ သင်္ကြန်ရဲ့ ဖီလင်လေးကို တော့လွမ်းသား။

Read More...

0 comments:

Change the strong password policy

Apr 3, 2007

Windows Server 2003 မှာ password policy ကို မချိန်းထားရင် ယူဇာယောက်ကို add လုပ်တဲ့အခါမှာ ပတ်စ်ဝက်ပေါ်လစီနဲ့မကိုက်ဘူးဆိုတဲ့ မက်ဆေ့ တက်လာပါပြီး addလို့မရပါဘူး။
Windows cannot set the password for because: The password does not meet the password policy requirements. Check the minimum password length, password complexity and password history requirements.

အဲဒီကောင်ကိုချိန်းဖို့အောက်မှာပြထားတဲ့အတိုင်းလုပ်လို့ရပါတယ်။
Administrative Tools မှ Domain Security Policy ကိုသွားပါ။ ပြီးလျှင် Security Settings > Account Policies > Password Policy. Minimum password length ပေါ်ရိုက်ကလစ်ထောက်၍ Properties ကိုသွားပါ။

ပုံမှာပြထားတဲ့အတိုင်း Zero (0) ကိုထည့်၍ OK လုပ်ပါ။

Passwords must meet complexity မှ properties ကိုဆက်သွားပါ။
Disabled ကိုရွေးပါ။
Run... မှာ cmd ကိုရိုက်ထဲ့ပါ။ ထို့နောက် gpupdate /force ဆိုတာကိုရန်းလိုက်ပါ။ ပြီးလျှင် [Exit] ကိုရိုက်၍ ပြန်ထွက်ပါ။ အားလုံးပြီးသွားလျှင် ယူဇာအသစ်ကို add လုပ်တဲ့အခါ ကိုကြိုက်တဲ့ password သို့မဟုတ် ယူဇာအသုံးပြုချင်သော password ကိုအသုံးပြုလို့ရသွားပါပြီ။

Read More...

0 comments: