tag

Sep 10, 2007

ကျောင်းစာကတဖက်၊ ပျင်းတာကတဖက်နှင့် ကျတော် ဘလော့မရေးဖြစ်ဘူး ဖြစ်နေတယ်။ အားတဲ့ အချိန်တွေတိုင်း သူငယ်ချင်း ဘလော့များ ကိုတော့ သွားဖတ်ဖြစ်တယ်။ အလည်လာသွားတဲ့ မိတ်ဆွေ အပေါင်းကို ကျေးဇူးတင်ပါတယ် ခင်ဗျာ။ ကျတော့ ဘာညာကွိကွ အမူ အကျင့်တချို့ ရေးဖို့ ညီလေး ဘလင့်ကတက်ထားပါတယ်။

၁။ ကျောင်းစာနဲ့ ပတ်သတ်လျှင် ၀ီရိယ မရှိ။
၂။ စိတ်ဝင်စားရာ အကြောင်းအရာတခုကို သဲသဲမဲမဲ လုပ်တက်တယ်။ သိသွားရင် ဆက်မလုပ်တော့။
၃။ စိတ်တူကိုယ်တူ သူငယ်ချင်းများကိုသာ ခင်မင်တက်သည်၊ ပေါင်းတက်သည်။
၎။ အားကစားမှန်သမျှ ကစားသည်။ ထူးချွန်တာ တခှုမှ မရှိပါ။
၅။ အဖြူ၊ အပြာ အရောင်များကြိုက်သည်။
၆။ ကဗျာ လုံးဝမရေးတက်။
၇။ Documentary , Travel Channels များ ကြည့်ရတာ အလွန်ကြိုက်သည်။
၈။ မိုးသံလေး တဖျောက်ဖျောက်နှင့် အိပ်ရတာ အလွန်နှစ်သက်သည်။၊
I think, i m a noob.
all my habits are bad. :P

4 comments:

Layma said...

၎ နဲ့  ၇ ကလွဲရင် ..ကျန်တာ “လေးမ” နဲ့ တူတူပဲ …။
အားကစားကတော့ အားရင်တောင်မကစားလို့  ဘာမှတတ်ဘူး …။
TV ….. ဘာလို့ လဲမသိဘူး ကြည့်ရင် အရမ်းအိပ်ချင်တာပဲ …။
၆ ကတော့ နဲနဲပါးပါး … တခါတလေ … မတတ်ဘဲနဲ့ …ရေးချတတ်တယ် …..။။။။
Your habits are not bad … !!!

hnin said...

ကိုဘုရင့်နောင်ရေ... မြန်မာလိုတွေချည်းပဲ ရေးသွားတာ အားကျစရာ။ တကယ်... အင်္ဂလိပ်လိုရေးမိတဲ့ သိုးလေးတော့ ရှက်လိုက်တာ မပြောနဲ့တော့။ အမှားပေါင်းသောင်းခြောက်ထောင်ဖြစ်နေမှာ သေချာတယ်။ ကိုဘုရင့်နောင်က တစ်လုံးဆို တစ်လုံးမှုတ်သွားတဲ့ အဲဒီတစ်လုံး ၀န်ခံပါတယ် သိုးလေးမသိဘူး၊ I am a noob တဲ့။ အိမ်ရောက်မှ dicitionary လှန်ကြည့်တော့မယ်။ အခုကြည့်ဖို့က နက်က မကောင်း...

BayintNaung said...

လေးမအတွက် တီဗီက အိပ်ဆေးပေါ့။
နောင်အိပ်မပျော်ရင် တီဗီကြည့်နော်။
သိုးမလေးရေ အင်္ဂလိပ်လိုရေးနိုင်တဲ့ အတွက် ဂုဏ်ယူပါတယ်။
noob ဆိုတာတော့ ပြောတော့ပါဘူးဗျာ။ :P

MELODYMAUNG said...

၂၊၄၊၅၊၈ တူ၏ အဟိ But IDTS all habits are bad :)