Happy Blog Day

Sep 1, 2007

Blog Day အတွက် အမှတ်တရ ရေးဖို့ တက်ပေးတဲ့ လေးမကို ကျေးဇူးတင်ပါတယ်။ ဘလော့ဒေးမှာ မြန်မာ ဘလော့မောင်မယ် အပေါင်းတို့ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ ရှိကြပါ စေကြောင်း ဆုမွန်ကောင်း တောင်းလိုက် ပါတယ်။ ကျတော်တို့ ကမ္ဘာ့ လူသားတွေ ခံစားချက် အတွေးအခေါ် အမျိုးမျိုးနဲ့ ဘလော့တွေ ရေးကြတယ်။ ကဗျာ၊ ဆောင်းပါး၊ ဒိုင်ယာရီ၊ နည်းပညာ၊ သီချင်း စတာတွေကို ဘလော့ပေါ်မှာ လွတ်လပ်စွာ ရေးသားကြတယ်။ အဲဒီအတွက် ကျတော်တို့ ဘလော့ရေးသူ များကော၊ ဘလော့ဖတ် သူများပါ အပြန်အလှန် ဗဟုသုတ အတွေးအခေါ် များ ရယုံမက စိတ်အပန်းလည်း ပြေပါတယ်။ နောင်ဖြစ်လာမဲ့ မြန်မာ ဘလော့ဂါ များကို လည်းလိုက်လှဲစွာ ကြိုဆိုပါတယ်။ ယနေ့ အိုင်တီခေတ်ကြီးမှာ အနည်းဆုံးတော့ ဘလော့ချင်းဖြင့် ဘလော့ဆိုတာ ကြီးကဘာလဲ၊ HTML, CSS ဆိုတာ ဒါတွေပါလား စတဲ့ ဗဟုသုတ တွေကို တီးမိခေါက်မိ ရှိသွားပါမယ်။ ၀ါသနာ ပါသူတွေအဖို့ ဆက်လက် လေ့လာလို့ မကုန်နိုင်အောင်ပါပဲ။ တဖက်တလမ်း မှလဲ မိမိ စွမ်းဆောင်နိုင်မှုပေါ် မူတည်ပြီး ဘလော့ကနေ ၀င်ငွေများလည်း ရရှိနေကြပါတယ်။ အားလုံးအတွက် အကျိုးမယုတ်စေ တဲ့ ဘလော့လောက ကြီးကတော့ နှစ်ပေါင်းများစွာ ဆက်လက်ရှင်သန် ကြီးထွားနေမှာ မလွဲပါပဲ။ ရန်ကုန်၊ မန္တလေးက မှာပြုလုပ်တဲ့ ဘလော့ဒေး ဟောပြောပွဲ များလည်း အောင်မြင်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ ကျတော်ရဲ့ သင်ဆရာ၊ မြင်ဆရာ အပေါင်းတို့ကိုလည်း ဂါရ၀ ပြုပါတယ်။ ကျေးဇူးတင်ပါတယ်။

1 comments:

Layma said...

မအားထဲကြားက ရေးပေးသွားတာကျေးဇူးတင်ပါတယ်ရှင်… ကိုဘုရင့်နောင် ရေးထားသလို ပါပဲ….. Blog ကြောင့် လေးမ အရင် ကထက် စာတတ်လာပါတယ် …. လေ့လာချင်တာတွေရှိသေးတယ် … ကိုဘုရင့်နောင်ဆီမှာ သင်ရဦးမယ် …