ချော်ရေအောက်ကမြို့

May 12, 2007


ပုံပီ မြို့ပျက်ဟာ အီတလီနိုင်ငံ ကမ်ပန်နီးရား ဒေသ၊ မြို့တော်နားပလပ် နားမှာတည်ရှိပါတယ်။ 79 AD လောက်က မီးတောင်ကြီး Vesuvius ပေါက်ကွဲ လို့ တမြို့လုံး ချော်ရေအောက်မှာ နစ်မြုတ်ပျက်စီးသွားခဲ့တယ်။ နှစ်ပေါင်း ၁၆၀၀ လောက်ချော်ရေအောက်မှာမြုတ်နေတဲ့ ပုံပီ မြို့ ကို ၁၇၄၈ ခုနှစ်မှာ အမှတ်မထင် ပြန်လည်ရှာ တွေ့ခဲ့ ပါတယ်။ ခရစ်မပေါ်မီ ၆ရာစုလောက်က အီတလီ အလည်ပိုင်းမှနေထိုင်တဲ့ အိုစကီ(အိုစကန်) လို့ခေါ်တဲ့ လူမျိုးတွေကပုံပီမြို့ကို စတင်တည်ထောင်ခဲ့ပါတယ်။ ဂရိနဲ့ ပိုနီစီရန် သင်္ဘောသားတွေသုံးပြုတဲ့ ဆိပ်ကမ်းမြို့လေးလဲဖြစ်တယ်။ နောက်ဆုံးတော့ ရှေးခေတ်မြန်မာပြည်လိုပဲ နိုင်ငံတွင်း စစ်တွေဖြစ်ကြရင်း ပုံပီမြို့ဟာ ရောမအင်ပါအောက်ရောက်သွားခဲ့တယ်။ ခရစ်သေပြီး ၁ရာစု ပတ်ဝန်းကျင်ထိ Mount Vesuvius မီးတောင်ကြီးနားမှာ ပုံပီ တမြို့သာတည်ရှိခဲ့တယ်။ သီးနှံ စိုက်ပျိုးရေး အလုပ်ဖြစ်ပြီ ၀င်ငွေကောင်းတဲ့ အတွက် လူနေထူထပ်တဲ့ မြို့ဖြစ်ခဲ့တယ်။ 79 AD မှာတော့ တမြို့လုံး မီးတောင်ကြီးရဲ့ ဖျက်စီးချင်းကြောင့် ချော်ရေအောက်မှာ စိတ်သုံးသွားခဲ့တယ်။ ဒီနေ့ခေတ်မှာတော့ ပုံပေမြို့ဟောင်းဟာ အီတလီရဲ့ ထင်ရှားတဲ့ ကမ္ဘာလှည့်ခရီးသွားနေရာကြီးဖြစ်လာတယ်။ တနှစ်ကို ပျမ်းမျှ ၂.၅သန်း ဧည့်သည် တွေလာရောက်ကြ တယ်လို့ သိရပါတယ်။

ပုံပီရဲ့ နောက်ဆုံးနေ့ရက်များလို့ အမည်ရတဲ့ ပန်းချီကား ဖြစ်ပါတယ်။

2 comments:

Thet Htoo@Myat Lone said...

ပုံပီမြို့နဲ့ပတ်သတ်လို့ကတော့ Pink Floyd MTV ထဲမှာ 3D Aniamtion တွေနဲ့ ချော်ရည်တွေ ဘယ်လိုဖုံးသွားတယ်ဆိုတာ သေချာ ပြထားတာ ကြည့်ဖူးတယ်ခင်ဗျ။ ပန်းချီကားကတော့ ခုမှတွေ့ဖူးတယ်။ ကျေးဇူးပါပဲခင်ဗျာ။

Unknown said...

ပန်းချီကားက အလင်းအမှောင်ပေးထားတာ အရမ်းအသက်ဝင်တာပဲ..