self-respect

Sep 14, 2007

ဒီနေ့ ကျတော်ဘလော့ရဲ့ traffic sources တွေ၊ ဘာညာကွိကွတွေ လိုက်စစ်ရင်းနဲ့ကျတော်ရဲ့ ပွာမွှား date header hack ကို စင်္ကာပူ ကဘလော့ဂါတယောက်က ကြေညာပေး ထားတာ တွေ့ရတော့ ကျတော် ပျော်ရွှင်သွားတယ်။ ပိတိဖြစ်မိတယ်။ ကျတော် web developer လဲမဟုတ်သလို web designer တို့ programmer တို့လဲမဟုတ်ပါဘူး။ အညတရ တယောက်ပါ။ ဒါပေမဲ့ ကျတော် လုပ်နိုင်သလောက် လေးနဲ့ လုပ်ထားတဲ့ဟက်ကလေးကို နိုင်ငံခြားသား ကျတော်နဲ့ မသိတဲ့ လူတယောက် က မျှဝေ တင်ပေးထားတာသိရတော့ ၀မ်းသာတာတော့ အမှန်ပါပဲ။ အဲဒါနဲ့ ဒီပို့စ်လေးကို ရေးဖြစ်ပါတယ်။ အမြင်ကတ်စရာ ဖြစ်သွားရင်တော့ တွေ့ပုချီပါခင်ဗျာ။ ကျတော် wordpress templates ဒီဇိုင်း တွေကို သဘောကြတယ်။ အဲဒါတွေလိုက်ကြည့်ရင်းနဲ့ digg buttom လုပ်နည်းနဲ့ စပ်ဆပ်ပြီး အိုင်ဒီယာ ရလို့ လုပ်ကြည့်ရင်းနဲ့ အစဉ်ပြေသွားချင်းဖြစ်ပါတယ်။ အသိပညာများတိုးပွားအောင် သင်ကြား၊ မျှဝေပေးတဲ့ ဘလော့ ကမ္ဘာမှ မြင်ဆရာများအားလုံးကို ဂါဝရပြုပါတယ်ခင်ဗျာ။

6 comments:

Layma said...

Congratulation !!!

Anonymous said...

ကျေးဇူးတင်ပါတယ် လေးမ...။

keeyit said...

Not understand.. =)

Unknown said...

ဂယ်.. ပီတိ ဖြစ်ချရာပဲ..
ဝမ်းသာပေးပါတယ်.. :)

Unknown said...

hi!

congratulations for ur effort.

btw, i find w3school.com on ur web page.

is it an advertisement or free shar link?

BayintNaung said...

keeyit
written in burmese, sorry.

Ahmei, Mar
Thanks for encouragement.
W3.com is a free share link.
not advertisement.