ဆောင်းမနက်ခင်းများ

Sep 13, 2007

ကျတော်နဲ့ ပတ်သတ်ခဲ့ ဆောင်းအကြောင်း ရေးရမယ်ဆိုတော့ ....

ငယ်ငယ်တုန်းက ဆောင်းတွင်း မနက်ခင်းတွေမှာ သူငယ်ချင်းတွေနဲ့ ပြေးခဲ့ဘူးတယ်။ မှတ်မှတ်ရရ အမေထိုး ပေးထား တဲ့ဆွယ်တာ ခေါင်းစွတ် လေးနဲ့(အသီးလေး ၂လုံးတွဲလောင်းလေးနဲ့)၊ စုပေါင်း မနက်ခင်း လမ်းလျှောက်ပွဲ တွေမှာဆို ကောက်ညှင်း ပေါင်း ပူပူနွေးနွေး စားရတာ တော်တော် အရသာရှိတယ်။ ကောက်ညင်းပေါင်း စားချင်လို့ ထထပြေးခဲ့တာ။ ညဖက် ဆိုအဖွားဝမ်း ကွဲပြောတဲ့ ပုံပြင်တွေ ကို ဆောင်ချုံလေး ထဲကွေးပြီး မောင်နှမတွေ နားထောင်ခဲ့ကြတယ်။
တက္ကသိုလ်ရောက်တော့ လည်း မရိုးနိုင်ခဲ့တဲ့ အပြေးလေ့ကျင့်ခန်းတွေနဲ့ ဆောင်းမနက်ခင်းတွေကို အိပ်ချင်မူးတူး ဖြတ်သန်းခဲ့ တယ်။ မေမြို့ ဆောင်းအေးအေးနဲ့ ဆိုတော့ မနက်ကွေးချင်သော်ငြားလည်း ဆန့်ခဲ့ရတယ်။ အပြေးလေ့ကျင့်ခန်းပြီးလို့ ရေချိုး ရတာတော့ တော်တော်လေး အရသာရှိတယ်။ အငွေ့တွေ တထောင်းထောင်းနဲ့။ ဆောင်းမနက်ခင်းတွေမှာ အညာဒေသက ဆောင်းမနက်ခင်း က ကျတော်မှတ်မိသလောက် တမျိုးလေးပဲ။ ကျတော့်ရဲ့ အမှတ်ရစရာ ဆောင်းကတော့ ဒီလောက်ပဲ ရှိခဲ့ပါတယ်။
ဆောင်းချစ်သူများ ပျော်ရွှင်ချမ်းမြေ့ကြပါစေ။ တက်ပေးတဲ့ လေးမ လဲ ဆောင်းအိပ်မက်လှလှတွေ ဆက်မက်နိုင်ပါစေ။

2 comments:

Layma said...

ဒီလိုဆိုတော့..ကိုဘုရင့်နောင်က ဆောင်းတွင်းရောက်တိုင်း ပြေးနေရတာချည်းပဲပေါ့နော်...။ မအားတဲ့ကြားကရေးပေးတာကျေးဇူးပါရှင့် ...။
အိပ်မက်တော့ ဆက်မမက်ပါရစေနဲ့  “ ဆောင်းတွင်းအိပ်မက် ဂယောက်ဂယက်” တဲ့...။

Unknown said...

တူနယ်ဂျင်းရဲ့ ဆောင်းတွင်းကလဲ ပြေးချည်းပြေးနေရ တော့တာပဲ... အဲ့ချို..အပ်မိန်တို့နောက် ပြေးရင် လက်တို့ရိုက်မယ်နော်..