Post - 113

Jul 24, 2007

ပုံမှန်ရေးတဲ့ ဘလော့ဂါတယောက်က ၃-၄လ အတွင်းရေးနိုင်တဲ့ ပို့စ်ကို ကျတော်က ၁နှစ်တာကာလ အတွင်းမှာ ပို့စ် ၁၁၃ ခုမြောက်ကို တင်လိုက်ပါတယ်။ အချိန်တွေကလဲ ကုန်လွန်တာ မြန်ဆန်လွန်းပါတယ်။ ဒီရက်ပိုင်းမှာ လဲ အကျိုးရှိမဲ့အချိန်တွေကို ဘာတွေလုပ်ရင်းနဲ့ကုန်သွားမှန်း မသိလိုက်ဘူး။ အခုလဲ ထုံးစံအတိုင်း လက်က တန်းပလိပ်ကို ပြောင်းဖြစ်ပြန်ပါတယ်။ ဒါနဲ့ပဲ ပို့စ်တခုရေးဖြစ်ပါတယ်။ မန်တလာက ဘလော့ဂါများ စုပြီး စီမန်နာ လေးလုပ်သွားတာ ဖတ်ရတာ ၀မ်းသာမိတယ်။ နောင်အချိန်များ ကြုံရင်တော့ ၀င်အားပေးလိုက် ချင်ပါတယ် (နားထောင်ဖို့)။ ဒီလကုန်လောက်က စပြီးဘလော့ ရေးနိုင်မယ်မထင် တော့ပါဘူး။ စာတမ်းအတွက် အချိန်ပေးဖို့အတော် လိုအပ်နေလို့ပါ။ ဖိုရမ်အတွက်တော့ အားချိန်တိုင်းမှာ ၀င်ဖြစ်မှာပါ။ ဒေါင်းလုပ်လုပ်ထားတဲ့ မုဒ်တွေ၊ လိုတာလေးတွေ ကိုထက်ဖြည့် သွားနိုင်အောင် စဉ်းစားထားပါတယ်။ ဖိုရမ်ကိုလဲ အလည်လာကြဖို့၊ မိမိတက်သိ တာလေးတွေကို ပြန်ဝေမျှပေးဖို့ ဖိတ်ခေါ်ပါတယ်။ ဖတ်နေကြ ဘလော့ဂါ ဟက်ဆို့တွေ ကထူးခြားတာတွေ တွေ့ရင်တော့တင်ပေးပါအုံးမယ်။ ကျတော်ဘလော့ကို အလည်လာကြတဲ့ ဘလော့ဂါညီအကို မောင်နှမတွေကို အထူးကျေးဇူးတင်ပါတယ်။

6 comments:

hnin said...

ကိုဘုရင့်နောင်ပြောတဲ့ ဖိုရမ်က မြန်မာဘလော့ဂါဖိုရမ်ကိုပြောတလား။ စာတမ်းကကော ဘာအတွက်တင်ရတာလဲ။ စပ်စုတင်လို့ မထင်နဲ့။ စုစပ်တာ။

Anonymous said...

ဟုတ်ပါတယ်၊ မြန်မာဘလော့ဂါဖိုရမ်ပါ။ စာတမ်းကတော့ PhD စာတမ်းပါ နှင်းနှင်း။

Layma said...

စာတမ်းအတွက်အကူအညီလိုရင်ပြောပါရှင်….

Layma said...
This comment has been removed by the author.
Anonymous said...
This comment has been removed by a blog administrator.
Anonymous said...

ကျေးဇူးတင်ပါတယ်လေးမ။