Comments Policy and comment moderation
Jul 29, 2007
Ramani ရဲ့ဘလော့ကို ဒီနေ့ ၀င်ဖတ်ရင်း Bonus news ဆိုတာကနေ Comments Form Message ဆိုတာကို သွားတွေ့ပါတယ်။ Comments Form Message ဆိုတာကတော့ မိမိ ဘလော့မှာ ကွန်မန့်ပေးတဲ့မိတ်ဆွေ အပေါင်းကို မိမိရဲ့ Comments policy (ညစ်ညမ်းသော၊ ဆဲရေးတိုင်းထွာသော စကားလုံးများ မသုံးရ၊ ကျေးဇူးတင်ပါသည်။ bla bla bla) စသည်ဖြင့် မိမိ စိတ်ကြိုက်ကိုကွန်မန့်ပေးတဲ့သူ သိအောင် Leave your comment ဆိုတဲ့ အောက်ခြေမှာ ဖေါ်ပြချင်းဖြစ်ပါတယ်။
နောက်တခုက policy မှာ ဘလော့ပိုင်ရှင်က ကွန်မန့်များကို စစ်ပြီးမှ သာခွင့်ပြုမည် ဆိုရင်တော့ comment moderation ထက်ထည့်ရပါမည်။ ဖိုးချမ်းသုံးနေ တာကြာပါပြီ။ ကျတော်ကတော့ ခုမှပဲ လုပ်ဖြစ်ပါတယ်။ Settings -> Comments -> Enable comment moderation မှာ Yes ဆိုပြီးထားပါ။ email နဲ့ပါ မိမိကို အသိပေးစေချင်ရင် အီးမေးလ် ထည့်ပါ။ save ပါ။
နောင် ရေးသွားတဲ့ ကွန်မန့်များကို Posting > Moderate comments မှာဝင်ကြည့်ပြီး ခွင့်ပြုမလား ဖျက်မလား စိတ်ကြိုက်လုပ်နိုင်ပါတယ်။ အားလုံးအတွက် အသုံးဝင်ချင်မှ ၀င်ပါမယ်။ ကြိုက်နှစ်သက်သူများအသုံးပြုနိုင်ရန်၊ မသိသေးသော သူများအတွက်သာ ရေးလိုက်ချင်းဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။
3 comments:
Post a Comment