Neo Template

May 30, 2007

Neo Template ကဘလော့တက်တာ ၊ ပို့စ်အဟောင်းတွေ ဖတ်ရာမှာ မြန်တယ်လို့ ညွန်းထားပါတယ်။ လက်တွေ့ မှာ မမြန်ဘူးဆိုရင် ကျေးဇူးပြု ၍ မက်ဆေ့လေး ရေးပေးခဲ့ပါ။ ကွန်မန့်တွေက ပို့စ်ရဲ့ အောက်ခြေမှာ တခါထဲ ပေါ်အောင်လုပ်ထားပါတယ်။ ဘယ်သူ ဘာကွန်မန့်ပေးသွားတယ် ဆိုတာ။ ကွန်မန့်တွေဖတ်ချင်ရင် အထဲဝင်ဖတ်စရာမလိုတော့ပါဘူး။ အခမဲ့ လည်းမျှဝေပေးထားတာ နဲ့ ပြောင်းသုံးထားပါတယ်။ ဦးကုလား Ramani ရဲ့ ဘလော့မှာ အခြားသော စိတ်ဝင်စား စရာ ၀ိဂက်တွေ၊ တန်းပလိပ် ဟက်တွေ ကိုသွားရောက်ဖတ် ရှုနိုင်ပါတယ်။ ဘလော့မွှေတဲ့ လူတွေကတော့ Ramaniရဲ့ ဘလော့ကိုကောင်းကောင်း သိကြမှာပါ။ ဒီရက်ပိုင်း အတွင်း ဖတ်နေကြ မြန်မာ ဘလော့တွေကို တော့ ပုံမှန် ဖတ်ဖြစ်ပါတယ်။ ကိုယ်တိုင်သာ ပို့စ်မတင်ဖြစ်တာပါ။ တင်စရာ လဲ မရှိတာနဲ့။ လာလည်တဲ့ သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ Neo template ကို စမ်းသုံးကြည့် ချင်သူများအတွက် ဒီနေရာ မှာ ဒေါင်းလုပ် ရယူနိုင်ပါတယ်။

5 comments:

Anonymous said...

recent post တွေဖွင့်တာ တော့တော်တော်မြန်တယ်။

Sai Sai said...

တော် တော် ကြီး ကို မြန် မာ တယ် ကို ဘု ရင့် နောင်

BayintNaung said...

ခုလို ပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စိုင်းစိုင်း။

Chan Mya Soe said...

ပို့စ်တွေပွင့်တာ မြန်ပါတယ်။ ဒါပေမဲ့ Post box က ညာဘက်မှာဆိုတော့ ဖတ်ရတာတော့ တစ်မျိုးကြီးပဲ :)

BayintNaung said...

ဟုတ်တယ် ဖိုးချမ်း။ Post box က ညာဘက်မှာဆိုတော့ တစ်မျိုးကြီး ဖြစ်နေမှာ။