Me and satellite internet

May 13, 2007

လွန်ခဲ့သော ၂နှစ်ခန့်က ကျတော့် သူငယ်ချင်းတယောက်နဲ့ satellite internet ဆိုတာ ကိုစမ်းသုံးကြည့်ခဲ့ အကြောင်းလေးပါ။ ကျတော်တို့အဆောင်မှာ ISP ၂ ယောက် ရှိတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ သူတို့က နဲနဲရိုက်စား လုပ်တယ်ပေါ့ဗျာ(ဈေးကြီးတယ်)။ အကြောင်းကတော့ အဆောင်မှာ သူတို့နှစ်ယောက်ကလွဲပြီး သုံးစရာ မရှိဘူး။ အပြိုင်အဆိုင်လဲမရှိကြသေးတော့။ တခြားဘယ်သူမှအဆောင်ကို လာပြီးတပ်ဆင် ခွင့်လဲမပြုဘူး။ Phone လိုင်းကလဲ extension ပဲရတယ်၊ ဈေးကလဲကြီးတယ်။ အဲဒါကြောင့် ဘာသုံးရင် ရနိုင်မလဲဆိုပြီး ရှာကြရင်းနဲ့ satellite internet ဆိုတာသွားတွေ့တယ်။ အဲလိုနဲ့ satellite internetကိုစသုံး ဖြစ်တယ်။ အဆင်ပြေရင် server ထိုင်ပြီး အခြားသူတွေနဲ့ပါ ပြန်ခွဲသုံးမယ်ပေါ့။ ဒါပေမဲ့ပြသနာပေါင်းကမနဲ။ စစချင်း ကျတော်တို့ ISP ရဲ့ satellite ကိုချိန်တာ တရက်လောက်ကြာတယ်။ အဲဒါရပြီးတော့ နောက် install လုပ်စရာရှိတာတွေ ဆက်လုပ်နဲ့ ၂ရက်လောက်ကြာတော့ရသွားတယ်။ ရသွားတော့ bandwidth speed ကောင်းကောင်းနဲ့ ၁လ အစိမ်း ၁၀၀ သွင်းရတဲ့ လိုင်းယူလိုက်ပါတယ်။ ကျတော်တို့ ISPက တခြားနိုင်ငံတခုကပါ။ ပြသနာကစတာကတော့ speed က မမှန်ဘူး၊ အချိန်ကြာကြာ ကျကျသွားတယ်။ သူတို့ဆီကိုဆက်သွယ်ဖို့က ဖုန်းခမတက်နိုင်၊ ချက်တင်နဲ့ ဆက်သွယ်လို့ရလို့ သူတို့ကိုဆက်သွယ်ပြီး ဟိုမေးဒီမေးနဲ့ကြိုးစား ကြည့်ခဲ့ပါတယ်။ နည်း ပေါင်းစုံပဲ ။ နောက်ဆုံးတော့မရတော့ တော်တော်ဓာတ်လေသွားတယ်။ တလလုံးကို speed လေးတက်လိုက်ကျလိုက် နဲ့ပဲ ၂ပါးသွားလိုက်ရတယ်။ အစိမ်းလည်း တယောက် ၁ရာစီလောက် ပလုံဆွပ် သွားတယ်။
ကျတော်တို့အသုံးပြုတာ one way စနစ်ဖြစ်ပါတယ်။ satellite internet မှာ ကျတော်သိတာ one way နဲ့ two way ဆိုပြီး ၂မျိုးရှိပါတယ်။ one way က data upload အတွက် dial up, ethernet or GPRS တခုခုနေသွား ပါတယ်။ data download ကတော့ satellite ကနေပြန်လာပါတယ် (VPN နဲ့ပဲ)။ ဘာလို့ အလုပ်ရှုပ်တဲ့ ဟာကို သုံးလဲ ဆိုတော့ bandwidth speed များများရနိုင်အောင်ပါ။ ကျတော်တို့သုံးခဲ့တဲ့ ISP ကြော်ငြာ ကတော့အဟုတ်ပါပဲ၊ လက်တွေ့မှာပဲ အဆင်မပြေတာ။ :D
one wayကိုသုံးဖို့ လိုအပ်တာတွေကတော့ စလောင်း၊ Universal LNB, Ku band အတွက် ၊ DVB pci card (~ $80) တို့ဖြစ်ပါတယ်။ DVB card driver နဲ့ software တင်ရတာ လဲခက်ခက်ခဲခဲ ကြီးမရှိပါဘူး။ သူနဲ့ satellit က pay tv ကို လဲ free ကြည့်လို့ရနိုင်တယ်။ one way ကို ပုံနဲ့ ပြရ ရင်တော့


Two way စနစ်ကတော့ ဘာ dial up ဘာ ethernet မှမလိုပါဘူး။ data up down ကို satellite နဲ့ပဲတိုက်ရိုက် သွားပါတယ်။ အသုံးပြုခ ကတော့ ပိုဈေးကြီးပါတယ်။ တောထဲတောင်ထဲမှာတော့ ok တာပေါ့ဗျာ။ သူ့အတွက် Equipment တွေကလဲအတော် ဈေးကြီးတယ်။ အခုတော့ လဲရှိတာလေး နဲ့ပဲ ၂ပါးပြန်သွား နေတယ်။

0 comments: