Full time blogger အကြောင်း

May 10, 2007

Full time blogger ဆိုတာ ဘလော့ ရေးချင်းတခုကိုသာ ကို အသက်မွေးဝမ်းကြောင်းအနေနဲ့ သီးသန့်လုပ် စားခြင်းပါ။ ဘလော့ဂင်း ကိုအသက်မွေးဝမ်းကြောင်း အနေနဲ့ လုပ်စားဖို့ကတော့ အတော့ ကိုခက်ခဲမဲ့ အလုပ် တခုပါ။ အကြောင်း ကတော့ မိမိဘလော့ ကို နေ့စဉ် မြောက်များစွာသော ဧည့်သည် တွေလာအောင် ဘယ်လို လုပ်မလဲ ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ အဲဒီ အကြောင်းနဲ့ ပတ်သတ်ပြီး မလေးရှားမှ ပဖော်ရှင်နယ် လုပ်စားတဲ့ Full time blogger Liew Cheon Fong ရဲ့ interviewမှ ဖြေကြားချက် တချို့ကိုဖော်ပြလိုက်ပါတယ်။

လူတိုင်းကို စီမှာတော့ ကိုယ်ပိုင်အရေ အချင်းတွေ ရှိကြမှာပါ။ ဒါပေမဲ့ full-time blogger တယောက် ကိုတော့ လူတိုင်း မဖြစ်နိုင်ပါဘူး။ ကျတော် အကြံပေးချင် တာကတော့ ပထမဆုံး လုပ်ငန်း အတွေ့အကြုံအမှန် တကယ် ရှိဖို့လိုအပ်ပါတယ်။ full-time blogger တယောက် အဖြစ် မကူးပြောင်းခင် အချိန်ပိုင်း ဘလော့ဂင်း အလုပ် ကို ပထမဆုံးလုပ်သင့်ပါတယ်။ အချိန်ပိုင်း ဘလော့ဂင်းအလုပ် မှ ပိုက်ဆံ ၀င်ငွေရအောင် လုပ်ပါ။ အဲဒီ အချိန်ပိုင်း ဘလော့ဂင်းအလုပ် ကရတဲ့ ၀င်ငွေဟာ သင် အလုပ်ဝင်ငွေရဲ့ ၂ဆလောက်ရပြီဆိုရင်တော့ full-time blogger တယောက် အနေနဲ့ ပရော်ဖက်ရှင်နယ် လုပ်စားလို့ရပြီ။
ဘလော့ဂါတယောက်အတွက် သင့်ဆိုက်ရဲ့ traffic ကအလွန်အရေးကြီးပါတယ်။ New visitors တွေကို ဆွဲဆောင်ဖို့ခက်ခဲသလို၊ နောက်တကြိမ် ပြန်လာအောင်လဲ မလွယ်ကူပါဘူး။ အဲဒီအတွက် ကိုယ့်ရဲ့ ၀ါယမဆိုက် ထုတ်မှုနဲ့ visitors တွေဘာတွေအလိုရှိတယ်၊ သူတို့ကို ကျေနပ်နှစ်သိပ် အောင်လုပ် ပေးနိုင်ဖို့ကြိုးစားရမယ်။ ကျတော့် Full time blogger အတွက် ၀င်ငွေရစေတဲ့ programs တွေကတော့ Google AdSense, Text Link Ads, Tribal Fusion, BlogAds, Chitika, FeedBurner Ad Network တွေဖြစ်ပါတယ်။ ကျတော် ဆိုက်ရဲ့ အဓိက traffic ရတာက တော့ Search engines တွေကလာ တာဖြစ်ပါတယ်။ အားလုံးရဲ့ 65% ရှိပါတယ်။
နောင်များမှာ ကိုယ်ပိုင် blogging network တခု တည်ထောင်ဖို့ စိတ်ကူးထားပြီး၊ အခြားသော ဘလော့ဂါ များကို ဘလော့နဲ့ ငွေရှာချင်း ကိုကူညီသွားချင်ပါတယ်။

မလေးရှားမှ Full time blogger liew cheon fong ဖြစ်ပါတယ်။ သူဘယ်လို ပရော်ဖက်ရှင်နယ် လုပ်စားတယ်ဆိုတယ် သိချင်ရင် ဒီနေရာက သူ့ဘလော့အကြောင်း
Liew Cheon Fong လေ့လာနိုင်ပါတယ်။
Technorati:full time blogger

4 comments:

Thet Htoo@Myat Lone said...

Full Time Blogger ဖြစ်ဖို့ စိတ်ကူးယဉ်လိုက်ဦးမယ်ဗျာ။ အခုတော့ အချိန်ပိုင်းတောင် မနည်းလုပ်နေရတယ်ဗျ။ ပိုက်ဆံကတော့ တစ်ပြားမှ မ၀င်သေးပါဘူးဗျာ။

Anonymous said...

ကျတော်လဲဒီလိုပါပဲ။ ဖြည်းဖြည်းချင်း ကြိုးစားကြည့်ရမှာပေါ့ဗျာ။

MELODYMAUNG said...

ဘာရယ်ညာရယ်မဟုတ် ဘလော့ဂ်ရေးရင်း ကိုယ့်အတွက် မျှော်လင့် ချက်လေးမြင်သွားစေတဲ့ ဆောင်းပါးကောင်းလေးပါ။ စိတ်ကူးယဉ်လို့ ၇တာပေါ့

BayintNaung said...

ကျေးဇူးတင်ပါတယ် မယ်လိုဒီမောင်ခင်ဗျာ။