
အာချာ လို့ ခေါ်တဲ့ ငါးလေးတွေက သူတို့ရဲ့ အစာကို ထူးထူးခြားခြား ဖမ်းယူစားသောက် ကြတာ စိတ်ဝင်စား စရာ ကောင်းပါတယ်။ ခန္ဒာကိုယ် အဖြူရောင်မှာ အမဲကြား နဲ့ အရောင်အဆင်းရှိပါတယ်။ သူတို့ဟာ ရေပေါ်က အင်းစက်၊ ပိုးမွား တွေကို ရေပစ္စတို နဲ့ပစ်ပြီးဖမ်းယူ စားသောက်ကြပါတယ်။ အာချာငါးတွေ ဟာ သူတို့ရဲ့ လျှာကို အာခေါင်မှာ ထောက်ပြီး ပြွန်ပုံစံပြုလုပ်ကာ ရေပြွတ်နဲ့ ထိုးသလို သားကောင်ကို ရေနဲ့ထိုးကာ ဖမ်းယူစားသောက်ကြ ပါတယ်။ ရေပြင် အထက်က သစ်ကိုင်း သစ်ရွက် တွေမှာနားနေတဲ့ ပိုးမွှားတွေကို ရေအောက်ကနေ ထိုးရာမှာ အခက်အခဲတော့ ရှိပါတယ်။ အလင်းယိုင် မှုရှိတဲ့ အတွက် ၆ ၇ ကြိမ်လောက် ထရိုင်းယူရပါတယ်။ နောက်ဆုံးတော့ သားကောင်က သူတို့ ထိုးတဲ့ရေမှန် ပြီး ပြုတ်ကြလာပါ တယ်။ ၂-၃မီတာလောက် အထိရောက်အောင် ထိုးနိုင်တယ်လို့ဆိုပါတယ်။ တိကျမှုကတော့ ၁မီတာခွဲ လောက်ပဲရှိ ပါတယ်။ သားကောင်က ရေမျက်နာပြင် နဲ့နီးရင် သူတို့ဟာ ခုန်ပျံပြီး လဲဖမ်းစားတက်ပါတယ်။
national geographic
0 comments:
Post a Comment