မိန်းမအရက်သမား

Sep 26, 2006

ကျနော် ကျောင်းသွားရင်းနဲ့ ထူးထူး ခြားခြား မိန်းမအရက်သမား တယောက်ကို တွေ့လိုက်ရတယ်။ မနက်စောစော ယောင်္ကျားလုပ် သူက မူးနေတဲ့ မိန်းမကို ဘေးကထိန်းပေး ရင်း Metro ထဲမှာအိမ်ပြန် ခေါ်လာပုံရတယ်။ တော်တော် ကြီးကို မူးနေပုံ ပဲ၊ ထရီးထရိုင် နဲ့၊ ယောင်္ကျား လုပ်သူ ဘေးက ထိန်းပေးတာ ကိုလည်း မကြေနပ် တဲ့ ပုံစံနဲ့။ မိန်းမ အရက်သမားကိုတွေ့လိုက်ရတော့ တော်တော်အံ့သြ သွားတယ်။ လင်ဆိုးမယား တဖားဖားတဲ့၊ မယားဆိုးလင်ကြတော့ဘယ်လိုပြော ရမလဲမသိတော့ဘူး။ မကြာခင် ဆောင်းရာသီရောက်တော့မယ်။ ဆောင်းရာသီ တိုင်း အမူးလွန် တွေ့ရာအိပ်ကြရင်း အအေးမိ ကိစ္စတုန်း ကြတဲ့ အရက်သမားတွေ တနှစ်တနှစ် မနည်းကြဘူး။ ဒါပေမဲ့ အရက်ဆိုင် များကတော့ ရောင်းကောင်းဆဲ၊ တံဆိပ် အမျိုးမျိုး နဲ့ထုပ်တိုင်းရောင်းကုန်ပုံရပါတယ်။

4 comments:

Chan Mya Soe said...

ရှက်ကီလောက ကလည်း သိုင်းလောကလိုပဲဗျ ရှုပ်တယ် ဘာတွေမှန်းကိုမသိဘူး ဆောင်းရာသီကတော့ အရက်သမားရာသီပေါ့ဗျာ

Anonymous said...

ကြားရတာစိတ်ပျက်စရာပဲနော် လူတစ်မျိုးစိတ်တစ်မျိုးလို့ပဲသတ်မှတ်ရမှာပေါ့ အကျင့်အမျိုးမျိုးရှိကြတာပဲလေ

Anonymous said...

http://burmanews.wordpress.com/

Anonymous said...

Well when girls are drunk, they are noisier than boys according to my experience.But they also have a right to drink.