မျက်ကန်းငကြွား

Jul 6, 2006

ဟိုးရှေးရှေးတုန်းက ရွာတရွာမှာ မျက်ကန်းငကြွား လို့ခေါ်တဲ့လူတယောက်ရှိတယ်။ ဘာလို့ခေါ်လဲ စိုတော့သူက မျက်စိတာ ကန်းတာအကြွားကတော့ လူတကာကအရှုံး ပေးရတယ်တဲ့။ အဲလို နဲ့နေလာလိုက်တာတနေ့ကြတော့ သူတို့နေတဲ့ရွာမှာ မီးအကြီးအကျယ် လောင်ပါလေရောတဲ့။ လူတွေလဲမီးလွတ်ရာ ကိုကိုယ့်အထုတ်ကိုကိုယ်စီပိုက် လို့ပြေးလွှား နေကြတယ်။ အဲဒီလိုပဲငကြွားလဲသေမှာ ကြောက်တော့သူများ တွေလိုပဲပြေးပါ လေရော။ ဒါပေမယ့် သူ့ခမျာမျက်စိ မှမမြင်တာ။ အဲဒီတော ပြေးမိပြေးရာ ပြေးရင်းနဲ့နောက်ဆုံး တော့ရေတွင်းထဲပြုတ်ကြ သွားပါလေ ရော။ သူလဲကြောက်အား လန့်အားနဲ့အော်ပါ လေရော။ အဲဒီအချိန်မှာ ကာလသားတွေ လဲမီးငြိမ်းဖို့ရေတွေ လာခတ် လိုက်ငြိမ်းလိုက်နဲ့ အလုပ်တွေရှုပ် နေကြတယ်။ ကာလသားတယောက် ကရေတွင်းထဲအသံကြား လို့ကြည်လိုက်တော့ သူတို့ရဲ့အချစ် တော်ကြီးငကြွား ဖြစ်နေတယ်။ အဲဒါနဲ့ငကြွားကိုမေးတယ်။ မင်းဘယ်တုန်းကကြသွားတာလဲ။ ငကြွားကပြန်ဖြေတယ် "ငါမီးငြိမ်းဖို့ရေဆင်း ခတ်နေတာကွ" လို့ပြန်ဖြေတယ်။ ရွာသားလဲတော်တော် လေး စိတ်ညစ်သွားတယ်။ မေးမိတာ မှားမိလေချင်းဆိုပြီးတော့။ ဒါပေမဲ့ရွာသားလဲ သနားတာနဲ့ဝါး လုံးတလုံး ချပေးလိုက်တယ်။ ငကြွားလဲ ကုတ်ကက်တက် လာပါလေရော၊ ဒါပေမဲ့သူက မျက်စိမှမမြင်တာ၊ အဲဒီတော့ တက်လာ လိုက်တာဆင်းရမှာ ကိုကျော်ပြီးအဖျားနား ရောက်သွားပါလေရော။ ရွာသားကစိတ် မရှည်တော့ ငကန်းမင်း ဆင်းရမှာက ဒီင်္အောက်ဖက်မှာ ပြောတယ်။ ငကြွားကတော့ "အေးငါသိတယ်၊ ရွာမှာမီးညွန့်ကြိုးပီ လားလို့ကြည့် တာကွ" လို့ပြန်ပြောတယ်။ ရွာသားလဲစိတ် အကြီးအကြယ်ပျက်သွားပြီး ဒီလောက် တောင်ဖြစ်တဲ့ကောင် သေပစေတော့ ဆိုပြီး ထားခဲ့ တော့တယ်။ ဒါပေမယ့်ငကြွားက မသေဘူး၊ ဟိုစမ်းဒီစမ်းနဲ့ဘေး လွတ်ရာကိုရောက်သွားတယ်။ လူတကာ အမြင်ကတ်တဲ့ လူများဟာ သေခဲတယ်။ မျက်ကန်းငကြွားကံကောင်း၏။

0 comments: