Packard Bell Audiokey

Sep 19, 2006

ကျတော့် Packard Bell Audiokey ပလေရာလေးကြောင့် တရက် အိပ်ရေးပျက် သွားတယ်။ Data file တခုကူး ရင်းကနေ ပြသနာ စတက်ရော။ file ကူးလဲ ပြီးရော ပလေရာက play လို့မရ တော့ဘူး။ Reformat လုပ်ပါ ဆိုပဲပြနေ တယ်။ အဲဒါနဲ့ computer နဲ့ ချိတ်ပြီး format လုပ်တော့လဲ လုပ်လို့မရ။ နောက်ဆုံး Packard Bell ၀က်ဆိုက် ကနေ Firmware update လေးကို download လုပ်ပြီး ပလေရာကို ပြန်လုပ်တော့ မှ အဲဒီ ဆော့ဝဲလ် က သူ့ဟာသူ format လုပ်ပြီး Firmware ကိုupdate ပြန်တင်တယ်။ အဲဒါလဲ ပြီးရော ပလေရာက file တွေ အကူး အထုတ် လုပ်လို့ ရသွားတယ်။ အဲဒါနဲ့ ကောင်းသွားပြီထင် ပြီး computer ကနေဖြုတ်ပြီး နားထောင် မယ်လုပ် တော့ဘာမှ ကိုတက် မလာတော့ဘူး။ အစကမှ Reformat လုပ်ပါဆိုတာ ပေါ်သေးတယ်၊ ခုကြတော့ ဘာမှမပေါ်တော့ ဘူး၊ အဲဒါနဲ့ computer မှာပြန်ချိတ် တော့လဲ ၀င်းဒိုးကလဲ မသိတော့ဘူး။ စိတ်လေသွား တယ် ပျက်ပြီဆိုပြီးတော့။ နောက်ထပ် ၀က်ဆိုက်ကို ထပ်ဝင်ပြီး ရှာရင်းကမှ သူ့မိန်းဝက်ဆိုက်မှာ ကို့ပစ္စည်း ရဲ့ စီရီရယ် နန်ဘား ရိုက်ထဲ့လိုက်ရင် သူနဲ့ပတ်သက် တဲ့ software တွေရတယ်။ အဲဒီက recovery device driver နဲ့ သူပြောထားတဲ့ step ကလေးတွေအတိုင်း လုပ်လိုက်တော့ ၀င်းဒိုးက ပြန်သိသွားတယ်။ ပြီးတော့မှ Firmware ကိုပြန်တင်။ ဒါတောင် ၂ခေါက်လောက် လုပ်တော့မှကောင်းသွားတယ်၊
တခြား ပလေရာအမျိုးအစားတွေလဲ ပျက်ရင် recovery လုပ်ပြီး Firmware ပြန်တင်လို့ရတယ် လို့ သိရတယ်။

Read More...

0 comments:

ဘ၀ ဘဝ

ကျတော်ဘလောခ့် မရေးဖြစ်တာ တလလောက် ရှိသွားပြီ။ ကိစ္စများမြောင် ဤလူ့ဘောင်မှာ ကျတော်လည်း လုံးချာလည် နေတာ။ အော် ဘ၀ ဘ၀။ ကျတော့ဘလောခ့်ကို လာရောက်အားပေး သူတွေကို တောင်းပန်ပါတယ်။ ဒီနေ့ ကျတော်ဖတ်နေကြ ကိုကို၊ မမတို့ရဲ့ ဘလောခ့်တွေကို ၀င်ပြီး မဖတ်ဖြစ်ခဲ့ တဲ့ပိုစ့် တွေကို အမီပြန်ဖတ်ပလိုက်တယ်။ သူတို့ရဲ့ ဘလောခ့် လေးတွေအမြဲ သစ်ဆန်းနေတာ တွေ့ရတာ ၀မ်းသာတယ်ဗျာ။ မအားလဲ အားတဲ့အချိန်လေး၊ အင်တာနက်မကောင်း တောင်မှ ကို့ဘလောခ့် လေးကို သစ်ဆန်း နေအောင်၊ ကို့ ၀ါသနာလေးကို တစိုက်မက်မက် လုပ်တက်တဲ့ ကိုကို၊ မမ တွေကို လေးစားတယ်ဗျာ။ နောင်လဲ အမြဲအားပေးနေမှာပါ။

Read More...

1 comments: