self-respect

Sep 14, 2007

ဒီနေ့ ကျတော်ဘလော့ရဲ့ traffic sources တွေ၊ ဘာညာကွိကွတွေ လိုက်စစ်ရင်းနဲ့ကျတော်ရဲ့ ပွာမွှား date header hack ကို စင်္ကာပူ ကဘလော့ဂါတယောက်က ကြေညာပေး ထားတာ တွေ့ရတော့ ကျတော် ပျော်ရွှင်သွားတယ်။ ပိတိဖြစ်မိတယ်။ ကျတော် web developer လဲမဟုတ်သလို web designer တို့ programmer တို့လဲမဟုတ်ပါဘူး။ အညတရ တယောက်ပါ။ ဒါပေမဲ့ ကျတော် လုပ်နိုင်သလောက် လေးနဲ့ လုပ်ထားတဲ့ဟက်ကလေးကို နိုင်ငံခြားသား ကျတော်နဲ့ မသိတဲ့ လူတယောက် က မျှဝေ တင်ပေးထားတာသိရတော့ ၀မ်းသာတာတော့ အမှန်ပါပဲ။ အဲဒါနဲ့ ဒီပို့စ်လေးကို ရေးဖြစ်ပါတယ်။ အမြင်ကတ်စရာ ဖြစ်သွားရင်တော့ တွေ့ပုချီပါခင်ဗျာ။ ကျတော် wordpress templates ဒီဇိုင်း တွေကို သဘောကြတယ်။ အဲဒါတွေလိုက်ကြည့်ရင်းနဲ့ digg buttom လုပ်နည်းနဲ့ စပ်ဆပ်ပြီး အိုင်ဒီယာ ရလို့ လုပ်ကြည့်ရင်းနဲ့ အစဉ်ပြေသွားချင်းဖြစ်ပါတယ်။ အသိပညာများတိုးပွားအောင် သင်ကြား၊ မျှဝေပေးတဲ့ ဘလော့ ကမ္ဘာမှ မြင်ဆရာများအားလုံးကို ဂါဝရပြုပါတယ်ခင်ဗျာ။

Read More...

6 comments:

--

Sep 13, 2007

ဘလော့ဂါ ဖိုးချမ်း ရဲ့ မိခင် ဘ၀တပါး ကူးပြောင်းသွားကြောင်း ကြားသိရတဲ့ အတွက် အမေချစ်တဲ့ ဖိုးချမ်း ကိုယ်စား အလွန် ၀မ်းနည်း၊ စိတ်မကောင်းဖြစ်မိပါတယ်။ ဖိုးချမ်း ရဲ့ မေမေ ကောင်းရာသုဂတိ လားပါစေလို့ ဘလော့ဂါများအားလုံး ကိုယ်စား ဆုတောင်းပေးပါတယ်။

Read More...

2 comments: