Comments Policy and comment moderation

Jul 29, 2007

Ramani ရဲ့ဘလော့ကို ဒီနေ့ ၀င်ဖတ်ရင်း Bonus news ဆိုတာကနေ Comments Form Message ဆိုတာကို သွားတွေ့ပါတယ်။ Comments Form Message ဆိုတာကတော့ မိမိ ဘလော့မှာ ကွန်မန့်ပေးတဲ့မိတ်ဆွေ အပေါင်းကို မိမိရဲ့ Comments policy (ညစ်ညမ်းသော၊ ဆဲရေးတိုင်းထွာသော စကားလုံးများ မသုံးရ၊ ကျေးဇူးတင်ပါသည်။ bla bla bla) စသည်ဖြင့် မိမိ စိတ်ကြိုက်ကိုကွန်မန့်ပေးတဲ့သူ သိအောင် Leave your comment ဆိုတဲ့ အောက်ခြေမှာ ဖေါ်ပြချင်းဖြစ်ပါတယ်။

ကျတော်ကွန်မန့်ဘောက် ကဥပမာ ဖြစ်ပါတယ်။ ဘယ်လိုလုပ်ရလဲဆိုတာကလဲ ရိုးရှင်းပါတယ်။ Settings -> Comments -> Comments Form Message ဆိုတဲ့နေရာမှာ ကိုကြိုက်တာကို အင်္ဂလိပ်လို ၀င်ရေးရုံပါပဲ။ မြန်မာလိုရေးဖို့ ကတော့ HTML tags ၃ခုလောက်သာခွင့်ပြုထားတဲ့ အတွက် မရပါဘူး။
နောက်တခုက
policy မှာ ဘလော့ပိုင်ရှင်က ကွန်မန့်များကို စစ်ပြီးမှ သာခွင့်ပြုမည် ဆိုရင်တော့ comment moderation ထက်ထည့်ရပါမည်။ ဖိုးချမ်းသုံးနေ တာကြာပါပြီ။ ကျတော်ကတော့ ခုမှပဲ လုပ်ဖြစ်ပါတယ်။ Settings -> Comments -> Enable comment moderation မှာ Yes ဆိုပြီးထားပါ။ email နဲ့ပါ မိမိကို အသိပေးစေချင်ရင် အီးမေးလ် ထည့်ပါ။ save ပါ။


နောင် ရေးသွားတဲ့ ကွန်မန့်များကို Posting > Moderate comments မှာဝင်ကြည့်ပြီး ခွင့်ပြုမလား ဖျက်မလား စိတ်ကြိုက်လုပ်နိုင်ပါတယ်။ အားလုံးအတွက် အသုံးဝင်ချင်မှ ၀င်ပါမယ်။ ကြိုက်နှစ်သက်သူများအသုံးပြုနိုင်ရန်၊ မသိသေးသော သူများအတွက်သာ ရေးလိုက်ချင်းဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။


Read More...

3 comments:

Post - 113

Jul 24, 2007

ပုံမှန်ရေးတဲ့ ဘလော့ဂါတယောက်က ၃-၄လ အတွင်းရေးနိုင်တဲ့ ပို့စ်ကို ကျတော်က ၁နှစ်တာကာလ အတွင်းမှာ ပို့စ် ၁၁၃ ခုမြောက်ကို တင်လိုက်ပါတယ်။ အချိန်တွေကလဲ ကုန်လွန်တာ မြန်ဆန်လွန်းပါတယ်။ ဒီရက်ပိုင်းမှာ လဲ အကျိုးရှိမဲ့အချိန်တွေကို ဘာတွေလုပ်ရင်းနဲ့ကုန်သွားမှန်း မသိလိုက်ဘူး။ အခုလဲ ထုံးစံအတိုင်း လက်က တန်းပလိပ်ကို ပြောင်းဖြစ်ပြန်ပါတယ်။ ဒါနဲ့ပဲ ပို့စ်တခုရေးဖြစ်ပါတယ်။ မန်တလာက ဘလော့ဂါများ စုပြီး စီမန်နာ လေးလုပ်သွားတာ ဖတ်ရတာ ၀မ်းသာမိတယ်။ နောင်အချိန်များ ကြုံရင်တော့ ၀င်အားပေးလိုက် ချင်ပါတယ် (နားထောင်ဖို့)။ ဒီလကုန်လောက်က စပြီးဘလော့ ရေးနိုင်မယ်မထင် တော့ပါဘူး။ စာတမ်းအတွက် အချိန်ပေးဖို့အတော် လိုအပ်နေလို့ပါ။ ဖိုရမ်အတွက်တော့ အားချိန်တိုင်းမှာ ၀င်ဖြစ်မှာပါ။ ဒေါင်းလုပ်လုပ်ထားတဲ့ မုဒ်တွေ၊ လိုတာလေးတွေ ကိုထက်ဖြည့် သွားနိုင်အောင် စဉ်းစားထားပါတယ်။ ဖိုရမ်ကိုလဲ အလည်လာကြဖို့၊ မိမိတက်သိ တာလေးတွေကို ပြန်ဝေမျှပေးဖို့ ဖိတ်ခေါ်ပါတယ်။ ဖတ်နေကြ ဘလော့ဂါ ဟက်ဆို့တွေ ကထူးခြားတာတွေ တွေ့ရင်တော့တင်ပေးပါအုံးမယ်။ ကျတော်ဘလော့ကို အလည်လာကြတဲ့ ဘလော့ဂါညီအကို မောင်နှမတွေကို အထူးကျေးဇူးတင်ပါတယ်။

Read More...

6 comments: