tag

Sep 10, 2007

ကျောင်းစာကတဖက်၊ ပျင်းတာကတဖက်နှင့် ကျတော် ဘလော့မရေးဖြစ်ဘူး ဖြစ်နေတယ်။ အားတဲ့ အချိန်တွေတိုင်း သူငယ်ချင်း ဘလော့များ ကိုတော့ သွားဖတ်ဖြစ်တယ်။ အလည်လာသွားတဲ့ မိတ်ဆွေ အပေါင်းကို ကျေးဇူးတင်ပါတယ် ခင်ဗျာ။ ကျတော့ ဘာညာကွိကွ အမူ အကျင့်တချို့ ရေးဖို့ ညီလေး ဘလင့်ကတက်ထားပါတယ်။

၁။ ကျောင်းစာနဲ့ ပတ်သတ်လျှင် ၀ီရိယ မရှိ။
၂။ စိတ်ဝင်စားရာ အကြောင်းအရာတခုကို သဲသဲမဲမဲ လုပ်တက်တယ်။ သိသွားရင် ဆက်မလုပ်တော့။
၃။ စိတ်တူကိုယ်တူ သူငယ်ချင်းများကိုသာ ခင်မင်တက်သည်၊ ပေါင်းတက်သည်။
၎။ အားကစားမှန်သမျှ ကစားသည်။ ထူးချွန်တာ တခှုမှ မရှိပါ။
၅။ အဖြူ၊ အပြာ အရောင်များကြိုက်သည်။
၆။ ကဗျာ လုံးဝမရေးတက်။
၇။ Documentary , Travel Channels များ ကြည့်ရတာ အလွန်ကြိုက်သည်။
၈။ မိုးသံလေး တဖျောက်ဖျောက်နှင့် အိပ်ရတာ အလွန်နှစ်သက်သည်။၊
I think, i m a noob.
all my habits are bad. :P

Read More...

4 comments:

Happy Blog Day

Sep 1, 2007

Blog Day အတွက် အမှတ်တရ ရေးဖို့ တက်ပေးတဲ့ လေးမကို ကျေးဇူးတင်ပါတယ်။ ဘလော့ဒေးမှာ မြန်မာ ဘလော့မောင်မယ် အပေါင်းတို့ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ ရှိကြပါ စေကြောင်း ဆုမွန်ကောင်း တောင်းလိုက် ပါတယ်။ ကျတော်တို့ ကမ္ဘာ့ လူသားတွေ ခံစားချက် အတွေးအခေါ် အမျိုးမျိုးနဲ့ ဘလော့တွေ ရေးကြတယ်။ ကဗျာ၊ ဆောင်းပါး၊ ဒိုင်ယာရီ၊ နည်းပညာ၊ သီချင်း စတာတွေကို ဘလော့ပေါ်မှာ လွတ်လပ်စွာ ရေးသားကြတယ်။ အဲဒီအတွက် ကျတော်တို့ ဘလော့ရေးသူ များကော၊ ဘလော့ဖတ် သူများပါ အပြန်အလှန် ဗဟုသုတ အတွေးအခေါ် များ ရယုံမက စိတ်အပန်းလည်း ပြေပါတယ်။ နောင်ဖြစ်လာမဲ့ မြန်မာ ဘလော့ဂါ များကို လည်းလိုက်လှဲစွာ ကြိုဆိုပါတယ်။ ယနေ့ အိုင်တီခေတ်ကြီးမှာ အနည်းဆုံးတော့ ဘလော့ချင်းဖြင့် ဘလော့ဆိုတာ ကြီးကဘာလဲ၊ HTML, CSS ဆိုတာ ဒါတွေပါလား စတဲ့ ဗဟုသုတ တွေကို တီးမိခေါက်မိ ရှိသွားပါမယ်။ ၀ါသနာ ပါသူတွေအဖို့ ဆက်လက် လေ့လာလို့ မကုန်နိုင်အောင်ပါပဲ။ တဖက်တလမ်း မှလဲ မိမိ စွမ်းဆောင်နိုင်မှုပေါ် မူတည်ပြီး ဘလော့ကနေ ၀င်ငွေများလည်း ရရှိနေကြပါတယ်။ အားလုံးအတွက် အကျိုးမယုတ်စေ တဲ့ ဘလော့လောက ကြီးကတော့ နှစ်ပေါင်းများစွာ ဆက်လက်ရှင်သန် ကြီးထွားနေမှာ မလွဲပါပဲ။ ရန်ကုန်၊ မန္တလေးက မှာပြုလုပ်တဲ့ ဘလော့ဒေး ဟောပြောပွဲ များလည်း အောင်မြင်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ ကျတော်ရဲ့ သင်ဆရာ၊ မြင်ဆရာ အပေါင်းတို့ကိုလည်း ဂါရ၀ ပြုပါတယ်။ ကျေးဇူးတင်ပါတယ်။

Read More...

1 comments: