Problem with wordpress.com
Oct 27, 2007
wordpress.com ကို မြန်မာတွေအသုံးပြု ရာမှာ အဓိက ပြသနာ က CSS ကုတ်ဒင်းတွေကို ၀င်ပြင်လို့ မရချင်းပါပဲ။ ကိုယ်ပိုင် web host မှာ တင်သုံးမှသာ စိတ်ကြိုက် ပြင်ဆင်လို့ ရနိုင်ပါတယ်။ wordpress.com မှာ ကြံဖန် ပြီး HTML Tag တွေနဲ့ မြန်မာလို အသုံးပြု လို့တော့ရပါတယ်။ သို့သော် အားလုံးတော့ အစဉ် မပြေ နိုင်ပါဘူး။ ကျတော်သိသလောက် ပြောရရင်တော့
၁။ ပို့စ်ခေါင်းစဉ်ကို အင်္ဂလိပ် လိုသာရေးပါ။ Recent Posts နဲ့ Recent Comments အတွက် မြန်မာလို ပေါ်အောင် ကြံဖန် ပြင်လို့ မရပါ။
၂။ ပို့စ်ရေးသော အခါတွင် Write post တွင် Visual နှင့် Code ၂မျိုးကို တွေ့ပါလိမ့်မည်။ Code ကိုသွားပါ။ ထို့နောက် ဒီ HTML ကို အသုံးပြုပါ။
myanmar sar
myanmar sar တွင် မိမိတင်လိုသော ပို့စ်ကို notepad ပေါ်တွင် ရေးကာ တခုလုံးကို paste လုပ်၍ လည်းကောင်း၊တိုက်ရိုက် type ပြီးအသုံးပြုချင်ရင် မိမိရေးလိုသော စာလုံးအစ ၁လုံး ၂ လုံးကို ရေးပါ။ ပြီးလျှင် Visual ကို ပြန် နှိပ်ပါ။ မြန်မာလို ပေါ်နေပါလိပ့်မယ်။ ထို့နောက် ရေးချင်တာကိုဆက်လက် ရေးသားပါ။ ဘလော့တွင် မြန်မာလို ကောင်းစွာပေါ်ပါသည်။
၃။ ကွန်မန့် အတွက်ကတော့ အဆင်မပြေနိုင်ပါ။
၎။ Sidebar တွင် မြန်မာလို လင့် များ ၊ မြန်မာလိုပြောချင်တာများကို ရေးသားချင်ရင် Presentation > widgets >Text widgets ကို အသုံးပြုပါ။ Text widgets ကို ဖွင့်ပါ။ ခေါင်းစဉ်ကို အင်္ဂလိပ်လိုရေးပါ။ စာသားတွေကို
myanmar sar
ဖြင့်ရေးပါ။ မိမိလိုသလို HTML tag များကိုသုံးနိုင်ပါတယ်။ ဖောင့်ဆိုက်၊ ကာလာ ကိုပြောင်းချင်ရင်
myanmar sar ဆိုပြီးသုံးပါ။ လင့်များ ရေးတဲ့အခါ
ဘုရင့်နောင်
စသည်ဖြင့် အသုံးပြုပါ။ တခုထက်ပိုသော လင့်များကိုအသုံးပြုရန်  အဆုံးတွင်
ကိုထက်ထည့်ပါ။
ဘုရင့်နောင်
စသည်ဖြင့်...
ခံပြီးရေးပါ။
၅။ စီဘောက်လို ရှောက်ဘောက်များအတွက် အဆင်ပြေသော နည်းလမ်းမတွေ့ပါ။ လုံခြုံရေးအရ (javascript, iframes, forms and flash embeds for security reasons) များကို အသုံးပြုလို့မရကြောင်း ဆိုထားပါတယ်။ အဲဒီအတွက် တော့ meebo widget တခုနဲ့သာ မီးဖိုလို့ ရကြောင်းသိရပါတယ်။
အကြံအဖန် နဲ့ အဆင်ပြေတဲ့ နည်းကို ကျတော် သိသလောက်ပြောချင်းဖြစ်ပါတယ်။ အစမ်းပြု လုပ်ထားသော wordpress ကိုကြည့်ရန်
Free PHP hosting တွေမှာ ကိုယ်တိုင် တင်ရေးနိုင်ရင်တော့ ပိုအဆင်ပြေပါလိမ့်မယ်။ ကိုယ်ပိုင် domain name တခုလောက်ပဲ ၀ယ်သုံးပြီး ကိုယ်တိုင် စိတ်ကြိုက် ပြင်ဆင်လို့ရနိုင်တဲက အတွက်ကြောင့်ပါ။ မိမိရဲ့ အပတ်စဉ် Data တွေကို လဲ backup လုပ်ထားပြီး အိမ်ပြောင်းလဲ အဆင်သင့် ပြန်သုံးနိုင်ပါတယ်။ Free PHP hosting မှာ အဆင်တော်တော်ပြေတဲ့ host တွေရှိပါတယ်။ ကျတော် ပစ်ထားတဲ့ လက်ရှိ မြန်မာဘလော့ဂါဖိုရမ်ကို တင်ထားတဲ့ 110mb.com လဲ မဆိုးပါဘူး။ အခုတော့ အလကားမရတော့ဘူး။ MySQL database အတွက် ၁၀ဒေါ်လာ ပေးရပါတယ်။ လစဉ်ကြေး ပေးပြီး host ကောင်းကောင်းတွေမှာ သုံးနိုင်ရင်တော့ အကောင်းဆုံးပေါ့။ ကြံဖန် သုံးချင်သူများ ရှိရင် သုံးနိုင်အောင် ကျတော်ရဲ့ ကြံဖန် အတွေးများကို ရေးထားချင်းဖြစ်ပါတယ်။
မိမိ ရေးသားထားသော မြန်မာစာသားများ၊ ပြုပြင်ထားသော တန်းပလိတ် များကို IE browser ဖြင့်ကြည့် ရန် မမေ့ပါနှင့်။
Read More...
5 comments:
Add 3 columns to footer
Oct 24, 2007
Footer အပိုင်းမှာ ကော်လံ ၃ခု ပေါင်းထည့် နည်းပါ။ wordpress template တွေမှာ တော်တော်များများ တွေ့နိုင်ပါတယ်။
၁။ ပထမဦးစွာ တန်းပလိပ်ကို ဘတ်ကပ် လုပ်ပါ။
၂။ Footer အပိုင်းမှာ widgets များတပ်ဆင် ထားတာ ရှိရင် အားလုံးကို ဖြုတ်ပါ။
၃။ Template>Edit HTML ကနေ အောက်မှာ ပြထားတဲ့ အနီရောင် ကုတ်စာသားကို ရှာပါ။ expand widget templates လုပ်စရာမလိုပါ။
<b:section class="'footer'" id="'footer'/">
အနီရောင်နေရာမှာ အောက်က ကုတ်များကို အစားထိုးပါ။
<b:section class='footer-column' id='col1' preferred='yes'
style='float:left;'/>
<b:section class='footer-column' id='col2'
preferred='yes' style='float:left;'/>
<b:section class='footer-column' id='col3'
preferred='yes' style='float:right;'/>
<b:section class='footer' id='col-bottom' preferred='yes'>
<b:widget id='Text2' locked='false' title='' type='Text'/>
</b:section>
၎။ CSS section အပိုင်းမှာ ဒီကုတ်တွေကို ထည့်ပါ။
#footer-column-container {clear:both;}
.footer-column
{padding: 10px;}
အောက်ခြေမှာ ပေါ်နေတဲ့ horizontal line က color ကို ပြောင်းချင်ရင် color ကုတ်ကို ပြောင်းထည့်ပါ။ ဖြုတ်ချင်ရင် တခုလုံးကို ဒလိလုပ်ပါ။
အလည်လာသွားကြတဲ့ ညီအကို မောင်နှမတွေ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ် ခင်ဗျာ။ ခင်မင်လေးစားလျှက်...
Read More...
0 comments: