Neo Template

May 30, 2007

Neo Template ကဘလော့တက်တာ ၊ ပို့စ်အဟောင်းတွေ ဖတ်ရာမှာ မြန်တယ်လို့ ညွန်းထားပါတယ်။ လက်တွေ့ မှာ မမြန်ဘူးဆိုရင် ကျေးဇူးပြု ၍ မက်ဆေ့လေး ရေးပေးခဲ့ပါ။ ကွန်မန့်တွေက ပို့စ်ရဲ့ အောက်ခြေမှာ တခါထဲ ပေါ်အောင်လုပ်ထားပါတယ်။ ဘယ်သူ ဘာကွန်မန့်ပေးသွားတယ် ဆိုတာ။ ကွန်မန့်တွေဖတ်ချင်ရင် အထဲဝင်ဖတ်စရာမလိုတော့ပါဘူး။ အခမဲ့ လည်းမျှဝေပေးထားတာ နဲ့ ပြောင်းသုံးထားပါတယ်။ ဦးကုလား Ramani ရဲ့ ဘလော့မှာ အခြားသော စိတ်ဝင်စား စရာ ၀ိဂက်တွေ၊ တန်းပလိပ် ဟက်တွေ ကိုသွားရောက်ဖတ် ရှုနိုင်ပါတယ်။ ဘလော့မွှေတဲ့ လူတွေကတော့ Ramaniရဲ့ ဘလော့ကိုကောင်းကောင်း သိကြမှာပါ။ ဒီရက်ပိုင်း အတွင်း ဖတ်နေကြ မြန်မာ ဘလော့တွေကို တော့ ပုံမှန် ဖတ်ဖြစ်ပါတယ်။ ကိုယ်တိုင်သာ ပို့စ်မတင်ဖြစ်တာပါ။ တင်စရာ လဲ မရှိတာနဲ့။ လာလည်တဲ့ သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ Neo template ကို စမ်းသုံးကြည့် ချင်သူများအတွက် ဒီနေရာ မှာ ဒေါင်းလုပ် ရယူနိုင်ပါတယ်။

Read More...

5 comments:

Flash game

May 25, 2007


အပျင်းပြေ စာလုံးလေးတွေကို အဓိပ္ပါယ် ပြန်ဖော်ရင်း ကစားကြည့် ပါအုံး။ http://www.ultimatearcade.com/downloads/ မှာ flash games များကို ဒေါင်းလုပ် ရယူနိုင်ပါတယ်။

Read More...

2 comments:

Peek A Boo Navbar

May 24, 2007

မိမိ ဘလော့က Navbar ကို ဖျောက်ထားမယ်၊ ကာဆာလေး တင်လိုက်မှ ပြန်ပေါ်လာအောင် လုပ်တဲ့ နည်းပါ။ Firefox မှာပဲ အလုပ်လုပ် တယ်လို့ သိရပါတယ်။ CSS Code ထဲက လွတ်တဲ့တနေ ရာမှာ Body tag မတိုင်မီ တနေရာ မှာ ထဲ့လိုက်ရုံပါပဲ။

#navbar-iframe
{
opacity:0.0;
filter:alpha(Opacity=0)
}
#navbar-iframe:hover
{
opacity:1.0;
filter:alpha(Opacity=100, FinishedOpacity=100)
}

credit: Bloggeratto, azo

Read More...

1 comments:

၇ ကြိမ်မြောက် ချန်ပီယံ


ချန်ပီယံတို့ရဲ့ ချန်ပီယံ မီလန်

Read More...

0 comments:

Shrek 3



စိမ်းစိမ်း ကောင်ကြီး နံပါတ် ၃ ကြည့်ပြီးသွားကြပြီလား မသိဘူး။ ဒီကား ကြည့်ဖို့ BitTorrent ကနေ သုံးရက်လောက် ဒေါင်းလုပ်လုပ် လိုက်ရတယ်။ ဒီကား မှာတော့ ရှရက် ရဲ့ ယောက်ခမ ဖားကြီး သေပြီး ဘုရင်အသစ် ခန့်ဖို့ အတွက် ထုံးစံ အတိုင်း ဒွန်းကီးတို့ ၊ ကက်တို့ နဲ့ ရှာပုံတော်ဖွင့်ကြပုံ၊ ရန်သူတွေကို ပြန်တိုက်ကြတာတွေကို မြူးမြူး လေး ရိုက်ထားပါတယ်။ ဒီဇတ်လမ်းမှာ တော့နောက်ဆုံး ရှရက်လဲ ကလေးသုံးယောက် အဖေဖြစ်သွားပြီ။ နောက် ၄ ထွက်ရင်တော့ သူ့ကလေးတွေပါ ပါလာတော့မှာထင်တယ်။

Read More...

0 comments:

Gmail upgraded

May 22, 2007

ဒီနေ့ အင်တာနက်ထဲမှာ ဟိုဖတ် ဒီဖတ်လုပ်ရင်းနဲ့ Gmail ရဲ့ attachment size ကို 10 MB ကနေ 20 MB အထိ တိုးပြီး ပို့လို့ရတယ် အကြောင်းလေးသိ လိုက်ရလို့ ရေးလိုက်တာပါ။ မိတ်ဆွေ တို့လဲ သိပြီးသားလည်း ဖြစ်ချင် ဖြစ်မှာပါ။ များများပို့ လို့ရတော့ အားလုံး အတွက် ပိုပြီးအဆင်ပြေမှာပါ။ Gmail သတင်းက ဒီလ ၁၅ ရက်နေ့ ဒိတ်နဲ့ updated လုပ်ထားတာ တွေ့ကြကြောင်း...။

Read More...

0 comments:

Puppy Love

May 21, 2007


ကြံကြံ ဖန်ဖန် ယူအက် ကမြို့ တမြို့မှာ ခွေးစုံတွဲ ၅၀ မင်္ဂလာ ဆောင်တာ Guinness record စံချိန်တောင် ချိုးသွား တယ်ဆို ပဲဗျာ။ ခွေးဖြစ်တာတောင် US မှာ ခွေးဖြစ်တာ ခွေးဖြစ်ရကျိုးပို နပ်တဲ့ပုံပဲ။

Read More...

4 comments:

Template & templates

ကျတော်လဲ Templates တွေပြောင်းသုံး ရတာ၊ ဟိုပြင်ဒီပြင် ကလိရတာ ၀ါသနာ ပါတဲ့ ဘလော့ဂါ တယောက် ပါပဲ။ တခုကို သုံးတာ နဲနဲ ကြာလာရင် ပြောင်းချင်တဲ့ စိတ်က ပေါ်ပေါ်လာတယ်။ ဟိုဟို ဒီဒီ ပြောင်းတာလဲ အချိန် တော့ပေးရပါတယ်။ 3 column သုံးချင်နေတာ ကြာပါပြီ။ အခုမှ ပဲ ပထမဆုံး ပြောင်းသုံးဖြစ်တယ်။ http://www.templatepanic.com/ က 3 column sun flowers ကို နည်းနည်း ပြန်ပြောင်းထား ချင်းသာ ဖြစ်ပါတယ်။ ကျတော့် ရဲ့ မဖြစ်ညစ်ကျယ် တောင်တလုံး မြောက်တလုံး ရေးထားတဲ့ ဘလော့ ကို အလည်လာ တဲ့ မိတ်ဆွေတို့ ကိုအထူးပဲ ကျေးဇူး တင်ပါတယ်။ ဒီ Template က အနှောင့်အယှက် ဖြစ်ခဲ့ရင် တော့ ခွင့်လွတ်ကြ ပါခင်ဗျာ။

Read More...

0 comments:

Archer Fish

May 19, 2007

အာချာ လို့ ခေါ်တဲ့ ငါးလေးတွေက သူတို့ရဲ့ အစာကို ထူးထူးခြားခြား ဖမ်းယူစားသောက် ကြတာ စိတ်ဝင်စား စရာ ကောင်းပါတယ်။ ခန္ဒာကိုယ် အဖြူရောင်မှာ အမဲကြား နဲ့ အရောင်အဆင်းရှိပါတယ်။ သူတို့ဟာ ရေပေါ်က အင်းစက်၊ ပိုးမွား တွေကို ရေပစ္စတို နဲ့ပစ်ပြီးဖမ်းယူ စားသောက်ကြပါတယ်။ အာချာငါးတွေ ဟာ သူတို့ရဲ့ လျှာကို အာခေါင်မှာ ထောက်ပြီး ပြွန်ပုံစံပြုလုပ်ကာ ရေပြွတ်နဲ့ ထိုးသလို သားကောင်ကို ရေနဲ့ထိုးကာ ဖမ်းယူစားသောက်ကြ ပါတယ်။ ရေပြင် အထက်က သစ်ကိုင်း သစ်ရွက် တွေမှာနားနေတဲ့ ပိုးမွှားတွေကို ရေအောက်ကနေ ထိုးရာမှာ အခက်အခဲတော့ ရှိပါတယ်။ အလင်းယိုင် မှုရှိတဲ့ အတွက် ၆ ၇ ကြိမ်လောက် ထရိုင်းယူရပါတယ်။ နောက်ဆုံးတော့ သားကောင်က သူတို့ ထိုးတဲ့ရေမှန် ပြီး ပြုတ်ကြလာပါ တယ်။ ၂-၃မီတာလောက် အထိရောက်အောင် ထိုးနိုင်တယ်လို့ဆိုပါတယ်။ တိကျမှုကတော့ ၁မီတာခွဲ လောက်ပဲရှိ ပါတယ်။ သားကောင်က ရေမျက်နာပြင် နဲ့နီးရင် သူတို့ဟာ ခုန်ပျံပြီး လဲဖမ်းစားတက်ပါတယ်။
national geographic

Read More...

0 comments:

Parents' Wish

May 18, 2007

ဒီဖလက်ရှ်လေးကို ကြည့်ပြီး မိဘတို့ရဲ့ ရင်ထဲက ခံစားချက်များကို အရင်ကထက် ပိုပြီး နားလည်နိုင်ကြပါစေ။ မိဘ ကျေးဇူး ဆပ်နိုင်တဲ့ သားကောင်း သမီးကောင်း များဖြစ်ကြပါစေ။
Copyright@ http://parentswish.com/


Read More...

1 comments:

An easy way to backup your blog

May 15, 2007

အချိန်ကုန်ခံ၊ အပင်ပန်းခံ၊ ခါးညောင်းခံ တင်ထား ရေးထားတဲ့ မိမိရဲ့ ပို့စ်တွေကို backup လုပ်ထားချင်သူများ အောက်ပါနည်းတွေအတိုင်းလုပ်လို့ ရကြောင်းရှာတွေ့တာလေး ပြန်ရှဲလိုက်ပါတယ်။ သိပြီးသား လည်းဖြစ် ချင်ဖြစ်မှာပါ။

http://blogname.blogspot.com/search?max-results=1000

blogname နေရာမှာ မိမိဘလော့ နံမည်ကိုရိုက်ပါ။ ပို့စ် ၁၀၀၀ ထက်နဲရင် save လုပ်လို့ရ တယ်လို့ ဆိုထားပါ တယ်။ တထောင် ထက် ကျော်ရင်တော့ မပြောတက်ဘူး။ အပေါ်က လိပ်စာအတိုင်းရိုက် ထဲ့လိုက်ရင် သင်ရေးခဲ့ သမျှ ပို့စ်အားလုံးပေါ်လာပါလိမ့်မယ်။ ပထမ ဦးစွာ ပုံတွေကို သီးသန့် save လုပ်ဖို့ firefox extension တခုဖြစ်တဲ့ DownThemAll ကိုသုံးပြီး ပုံတွေကို download လုပ်ယူနိုင်ပါတယ်။ မိမိဖတ်ချင်တဲ့ ဘလော့ဂါတယောက်ရဲ့ ရေးခဲ့သမျှ ပို့စ်တွေကို တခါထဲ ဖတ်ချင်ရင်လဲ အပေါ်က လင့်မှာ မိမိဖတ် မဲ့ဘလော့ဂါရဲ့ လိပ်စာကိုပြောင်း ထည့်လိုက်ပါ။

နောက်တဆင့်က ရေးထားတဲ့ ပို့စ်တွေက စာတွေသီးသန့် save ဖို့ အောက်က လင့်ကို သွားပါ။
http://blogname.blogspot.com/feeds/posts/default?max-
results=1000

XML feed ပါပဲ။ ပို့စ်က စာတွေပဲ သီးသန့်ပေါ်လာတာကို save page as(Ctrl+S) လုပ်လိုက်ရုံပါပဲ။ comments တွေကို သိမ်းဖို့
http://blogname.blogspot.com/feeds/comments/default?max-
results=1000

ဖြစ်ပါတယ်။

Read More...

3 comments:

Me and satellite internet

May 13, 2007

လွန်ခဲ့သော ၂နှစ်ခန့်က ကျတော့် သူငယ်ချင်းတယောက်နဲ့ satellite internet ဆိုတာ ကိုစမ်းသုံးကြည့်ခဲ့ အကြောင်းလေးပါ။ ကျတော်တို့အဆောင်မှာ ISP ၂ ယောက် ရှိတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ သူတို့က နဲနဲရိုက်စား လုပ်တယ်ပေါ့ဗျာ(ဈေးကြီးတယ်)။ အကြောင်းကတော့ အဆောင်မှာ သူတို့နှစ်ယောက်ကလွဲပြီး သုံးစရာ မရှိဘူး။ အပြိုင်အဆိုင်လဲမရှိကြသေးတော့။ တခြားဘယ်သူမှအဆောင်ကို လာပြီးတပ်ဆင် ခွင့်လဲမပြုဘူး။ Phone လိုင်းကလဲ extension ပဲရတယ်၊ ဈေးကလဲကြီးတယ်။ အဲဒါကြောင့် ဘာသုံးရင် ရနိုင်မလဲဆိုပြီး ရှာကြရင်းနဲ့ satellite internet ဆိုတာသွားတွေ့တယ်။ အဲလိုနဲ့ satellite internetကိုစသုံး ဖြစ်တယ်။ အဆင်ပြေရင် server ထိုင်ပြီး အခြားသူတွေနဲ့ပါ ပြန်ခွဲသုံးမယ်ပေါ့။ ဒါပေမဲ့ပြသနာပေါင်းကမနဲ။ စစချင်း ကျတော်တို့ ISP ရဲ့ satellite ကိုချိန်တာ တရက်လောက်ကြာတယ်။ အဲဒါရပြီးတော့ နောက် install လုပ်စရာရှိတာတွေ ဆက်လုပ်နဲ့ ၂ရက်လောက်ကြာတော့ရသွားတယ်။ ရသွားတော့ bandwidth speed ကောင်းကောင်းနဲ့ ၁လ အစိမ်း ၁၀၀ သွင်းရတဲ့ လိုင်းယူလိုက်ပါတယ်။ ကျတော်တို့ ISPက တခြားနိုင်ငံတခုကပါ။ ပြသနာကစတာကတော့ speed က မမှန်ဘူး၊ အချိန်ကြာကြာ ကျကျသွားတယ်။ သူတို့ဆီကိုဆက်သွယ်ဖို့က ဖုန်းခမတက်နိုင်၊ ချက်တင်နဲ့ ဆက်သွယ်လို့ရလို့ သူတို့ကိုဆက်သွယ်ပြီး ဟိုမေးဒီမေးနဲ့ကြိုးစား ကြည့်ခဲ့ပါတယ်။ နည်း ပေါင်းစုံပဲ ။ နောက်ဆုံးတော့မရတော့ တော်တော်ဓာတ်လေသွားတယ်။ တလလုံးကို speed လေးတက်လိုက်ကျလိုက် နဲ့ပဲ ၂ပါးသွားလိုက်ရတယ်။ အစိမ်းလည်း တယောက် ၁ရာစီလောက် ပလုံဆွပ် သွားတယ်။
ကျတော်တို့အသုံးပြုတာ one way စနစ်ဖြစ်ပါတယ်။ satellite internet မှာ ကျတော်သိတာ one way နဲ့ two way ဆိုပြီး ၂မျိုးရှိပါတယ်။ one way က data upload အတွက် dial up, ethernet or GPRS တခုခုနေသွား ပါတယ်။ data download ကတော့ satellite ကနေပြန်လာပါတယ် (VPN နဲ့ပဲ)။ ဘာလို့ အလုပ်ရှုပ်တဲ့ ဟာကို သုံးလဲ ဆိုတော့ bandwidth speed များများရနိုင်အောင်ပါ။ ကျတော်တို့သုံးခဲ့တဲ့ ISP ကြော်ငြာ ကတော့အဟုတ်ပါပဲ၊ လက်တွေ့မှာပဲ အဆင်မပြေတာ။ :D
one wayကိုသုံးဖို့ လိုအပ်တာတွေကတော့ စလောင်း၊ Universal LNB, Ku band အတွက် ၊ DVB pci card (~ $80) တို့ဖြစ်ပါတယ်။ DVB card driver နဲ့ software တင်ရတာ လဲခက်ခက်ခဲခဲ ကြီးမရှိပါဘူး။ သူနဲ့ satellit က pay tv ကို လဲ free ကြည့်လို့ရနိုင်တယ်။ one way ကို ပုံနဲ့ ပြရ ရင်တော့


Two way စနစ်ကတော့ ဘာ dial up ဘာ ethernet မှမလိုပါဘူး။ data up down ကို satellite နဲ့ပဲတိုက်ရိုက် သွားပါတယ်။ အသုံးပြုခ ကတော့ ပိုဈေးကြီးပါတယ်။ တောထဲတောင်ထဲမှာတော့ ok တာပေါ့ဗျာ။ သူ့အတွက် Equipment တွေကလဲအတော် ဈေးကြီးတယ်။ အခုတော့ လဲရှိတာလေး နဲ့ပဲ ၂ပါးပြန်သွား နေတယ်။

Read More...

0 comments:

PHP Editor

May 12, 2007

php_e is a simple to use, yet extremely versatile application for use by the mid-to-experienced PHP developer. With features such as code folding, this application enables you to concentrate on the code you are working on at the time. Providing improved syntax highlighting for both PHP and HTML/XML and CSS, php_e is a full development solution for any php or Web related script you may be working on. Version 0.15 has tabbed document interface, multiple highlighters, and ability to download PHP & MySQL Manuals at install time.
Download: Here

Read More...

0 comments:

ချော်ရေအောက်ကမြို့


ပုံပီ မြို့ပျက်ဟာ အီတလီနိုင်ငံ ကမ်ပန်နီးရား ဒေသ၊ မြို့တော်နားပလပ် နားမှာတည်ရှိပါတယ်။ 79 AD လောက်က မီးတောင်ကြီး Vesuvius ပေါက်ကွဲ လို့ တမြို့လုံး ချော်ရေအောက်မှာ နစ်မြုတ်ပျက်စီးသွားခဲ့တယ်။ နှစ်ပေါင်း ၁၆၀၀ လောက်ချော်ရေအောက်မှာမြုတ်နေတဲ့ ပုံပီ မြို့ ကို ၁၇၄၈ ခုနှစ်မှာ အမှတ်မထင် ပြန်လည်ရှာ တွေ့ခဲ့ ပါတယ်။ ခရစ်မပေါ်မီ ၆ရာစုလောက်က အီတလီ အလည်ပိုင်းမှနေထိုင်တဲ့ အိုစကီ(အိုစကန်) လို့ခေါ်တဲ့ လူမျိုးတွေကပုံပီမြို့ကို စတင်တည်ထောင်ခဲ့ပါတယ်။ ဂရိနဲ့ ပိုနီစီရန် သင်္ဘောသားတွေသုံးပြုတဲ့ ဆိပ်ကမ်းမြို့လေးလဲဖြစ်တယ်။ နောက်ဆုံးတော့ ရှေးခေတ်မြန်မာပြည်လိုပဲ နိုင်ငံတွင်း စစ်တွေဖြစ်ကြရင်း ပုံပီမြို့ဟာ ရောမအင်ပါအောက်ရောက်သွားခဲ့တယ်။ ခရစ်သေပြီး ၁ရာစု ပတ်ဝန်းကျင်ထိ Mount Vesuvius မီးတောင်ကြီးနားမှာ ပုံပီ တမြို့သာတည်ရှိခဲ့တယ်။ သီးနှံ စိုက်ပျိုးရေး အလုပ်ဖြစ်ပြီ ၀င်ငွေကောင်းတဲ့ အတွက် လူနေထူထပ်တဲ့ မြို့ဖြစ်ခဲ့တယ်။ 79 AD မှာတော့ တမြို့လုံး မီးတောင်ကြီးရဲ့ ဖျက်စီးချင်းကြောင့် ချော်ရေအောက်မှာ စိတ်သုံးသွားခဲ့တယ်။ ဒီနေ့ခေတ်မှာတော့ ပုံပေမြို့ဟောင်းဟာ အီတလီရဲ့ ထင်ရှားတဲ့ ကမ္ဘာလှည့်ခရီးသွားနေရာကြီးဖြစ်လာတယ်။ တနှစ်ကို ပျမ်းမျှ ၂.၅သန်း ဧည့်သည် တွေလာရောက်ကြ တယ်လို့ သိရပါတယ်။

ပုံပီရဲ့ နောက်ဆုံးနေ့ရက်များလို့ အမည်ရတဲ့ ပန်းချီကား ဖြစ်ပါတယ်။

Read More...

2 comments:

Live CD

May 11, 2007

What is a Live CD? A cd or dvd rom with an operation system that can be executed from a cd or dvd rom drive, no need to install in hard disk. The system can return to previous OS when your computer is rebooted without Live cd. The biggest part of Live CDs contains a system based on the Linux kernel, but there are also Live CDs functioning with other operating systems, such as Mac OS, Microsoft Windows, etc.. Why do we need Live cd. Coz live cd's are valuable troubleshooting and recovery tools. If your window(os) is damaged, and you can't access your personal files. And you also forgot to backup your personal files! Don't worry! Boot to the live cd and copy your files to external or removable flash drive. Here is a list of live cd and download links.
အကယ်၍ သင် ကွန်ပြူတာos ဒေါင်းသွားတယ်၊ format ပြန်လုပ်မှရတော့မဲ့ အခြေအနေမှာ စက်ထဲမှာ ကျန်ခဲ့တဲ့ သင်လိုအပ်တဲ့ စာရွက် စာတန်း ဖိုင် တွေကို ပြန်ယူဖို့ Live CD ကိုကူညီပါလိမ့်မယ်။ partitions ခွဲပြီးသိမ်းထား တာတော့ အကောင်း ဆုံးဖြစ် ပါလိမ့် မယ်။

Read More...

0 comments:

K5 MP3 player

May 10, 2007

K5 (1GB)
1GB Audio Player with Built-in Speakers

This lightweight MP3 Player has a heavy portfolio including an innovative touch screen, FM radio receiver, and built-in speakers. The K5 enables you to share your music experience with others. A mini boom box, this revolutionary MP3 player defies engineering forces of nature by squeezing a high-end music player complete with a slide-out speaker into a slim compact form.

Read More...

0 comments:

Full time blogger အကြောင်း

Full time blogger ဆိုတာ ဘလော့ ရေးချင်းတခုကိုသာ ကို အသက်မွေးဝမ်းကြောင်းအနေနဲ့ သီးသန့်လုပ် စားခြင်းပါ။ ဘလော့ဂင်း ကိုအသက်မွေးဝမ်းကြောင်း အနေနဲ့ လုပ်စားဖို့ကတော့ အတော့ ကိုခက်ခဲမဲ့ အလုပ် တခုပါ။ အကြောင်း ကတော့ မိမိဘလော့ ကို နေ့စဉ် မြောက်များစွာသော ဧည့်သည် တွေလာအောင် ဘယ်လို လုပ်မလဲ ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ အဲဒီ အကြောင်းနဲ့ ပတ်သတ်ပြီး မလေးရှားမှ ပဖော်ရှင်နယ် လုပ်စားတဲ့ Full time blogger Liew Cheon Fong ရဲ့ interviewမှ ဖြေကြားချက် တချို့ကိုဖော်ပြလိုက်ပါတယ်။

လူတိုင်းကို စီမှာတော့ ကိုယ်ပိုင်အရေ အချင်းတွေ ရှိကြမှာပါ။ ဒါပေမဲ့ full-time blogger တယောက် ကိုတော့ လူတိုင်း မဖြစ်နိုင်ပါဘူး။ ကျတော် အကြံပေးချင် တာကတော့ ပထမဆုံး လုပ်ငန်း အတွေ့အကြုံအမှန် တကယ် ရှိဖို့လိုအပ်ပါတယ်။ full-time blogger တယောက် အဖြစ် မကူးပြောင်းခင် အချိန်ပိုင်း ဘလော့ဂင်း အလုပ် ကို ပထမဆုံးလုပ်သင့်ပါတယ်။ အချိန်ပိုင်း ဘလော့ဂင်းအလုပ် မှ ပိုက်ဆံ ၀င်ငွေရအောင် လုပ်ပါ။ အဲဒီ အချိန်ပိုင်း ဘလော့ဂင်းအလုပ် ကရတဲ့ ၀င်ငွေဟာ သင် အလုပ်ဝင်ငွေရဲ့ ၂ဆလောက်ရပြီဆိုရင်တော့ full-time blogger တယောက် အနေနဲ့ ပရော်ဖက်ရှင်နယ် လုပ်စားလို့ရပြီ။
ဘလော့ဂါတယောက်အတွက် သင့်ဆိုက်ရဲ့ traffic ကအလွန်အရေးကြီးပါတယ်။ New visitors တွေကို ဆွဲဆောင်ဖို့ခက်ခဲသလို၊ နောက်တကြိမ် ပြန်လာအောင်လဲ မလွယ်ကူပါဘူး။ အဲဒီအတွက် ကိုယ့်ရဲ့ ၀ါယမဆိုက် ထုတ်မှုနဲ့ visitors တွေဘာတွေအလိုရှိတယ်၊ သူတို့ကို ကျေနပ်နှစ်သိပ် အောင်လုပ် ပေးနိုင်ဖို့ကြိုးစားရမယ်။ ကျတော့် Full time blogger အတွက် ၀င်ငွေရစေတဲ့ programs တွေကတော့ Google AdSense, Text Link Ads, Tribal Fusion, BlogAds, Chitika, FeedBurner Ad Network တွေဖြစ်ပါတယ်။ ကျတော် ဆိုက်ရဲ့ အဓိက traffic ရတာက တော့ Search engines တွေကလာ တာဖြစ်ပါတယ်။ အားလုံးရဲ့ 65% ရှိပါတယ်။
နောင်များမှာ ကိုယ်ပိုင် blogging network တခု တည်ထောင်ဖို့ စိတ်ကူးထားပြီး၊ အခြားသော ဘလော့ဂါ များကို ဘလော့နဲ့ ငွေရှာချင်း ကိုကူညီသွားချင်ပါတယ်။

မလေးရှားမှ Full time blogger liew cheon fong ဖြစ်ပါတယ်။ သူဘယ်လို ပရော်ဖက်ရှင်နယ် လုပ်စားတယ်ဆိုတယ် သိချင်ရင် ဒီနေရာက သူ့ဘလော့အကြောင်း
Liew Cheon Fong လေ့လာနိုင်ပါတယ်။
Technorati:full time blogger

Read More...

4 comments:

Beta- Archive Calendar Widget

May 9, 2007

မိမိ မှတ်တမ်းဟောင်းများကိုဖော်ပြရာ၌ ဘယ်နေ့က ပိုစ့်ရေးသားခဲ့တယ်၊ ဘယ်နေ့က မရေးသားဘူး စသည်တို့ကို ပြက္ခဒိန်လေးနဲ့ အမြင်ဆန်းဆန်း အသုံးပြုချင် တယ်ဆိုရင်တော့ Calendar Widget ရဲ့ အကူအညီနဲ့ အသုံးပြု နိုင်ပါတယ်။
နောက်ဆုံး တင်ခဲ့တဲ့ တလစာပို့စ်များ ရဲ့ ခေါင်းစဉ်တွေ ကိုလဲ ပြက္ခဒိန်လေးနဲ့ အောက်ခြေ မှာ ဖော်ပြပေးထား ပါတယ်။ စာဖတ်ပရိတ်များ အစဉ်ပြေစွာ နဲ့ ရှာဖွေ ကြည့်ရှုလို့ ရပါတယ်။ ထည့်သွင်းရတဲ့ ကုတ်တွေက လည်းခက်ခက်ခဲ ခဲ မဟုတ်သလို ပြက္ခဒိန် ရဲ့ အသွင်သတန် ကိုလဲ CSS ကုတ်ဒင်းတွေကို ပြောင်းပေးချင်းဖြင့် မိမိ လိုသလို ပြောင်းလဲလို့ ရပါတယ်။
အသုံးပြုချင်သူများ ဘလော့ဂါ ၀ိဂက်တွေ တီထွင်သူ phydeaux's ရဲ့ ဆိုက်မှာ လေ့လာ နိုင်ပါတယ်။ အသုံးပြုရာတွင် အခက်အခဲရှိပါကလည်း ကော်မန့်တွင် မေးမြန်းနိုင်ပါတယ်။ phydeaux ရဲ့ ဘလော့တွင် အခြားသော Widget များကို မိမိကြိုက်နှစ်သက်ရာ လေ့လာ နိုင်ပါကြောင်း ဘလော့ အလှဆင်ရာတွင် စိတ်ဝင်စားသူ များအတွက် အသိ ပေးအပ်ပါတယ်။

Thanks a lot to phydeaux3.
Technorati: Calendar Widget

Read More...

2 comments:

ရေမြင်းတကောင်နှင့် ခြင်္သေ့တသိုက်

Read More...

2 comments:

Blogger Navbar ကိုဘယ်လိုဖယ်ရှားမလဲ!

May 8, 2007

အကယ်၍ သင့်ဘလော့တွင် Blogger Navbar ကိုဖယ်ရှားချင်တယ်ဆိုရင် အောက်ဖော်ပြပါနည်းတွေအတိုင်း ဖယ်ရှား လို့ရပါတယ်။ New blogger Beta အသုံးပြုသူများအတွက် လွယ်ကူ ရှင်းလင်းတဲ့ Code ကို style tags ကြားထဲက လွတ် တဲ့တနေရာမှာ ထည့်သွင်းရုံနဲ့ Blogger Navbar ကိုဖျောက်လို့ရပါတယ်။

#navbar-iframe {
height:0px;
visibility:hidden;
display:none;
}

အကယ်၍ Classic beta template ကိုပြောင်းလဲအသုံးပြုထားသူများ အောက်ဖော်ပြပါ ကုတ် တခုမရလျှင် နောက်တခု အစားထိုး အသုံးပြုချင်းဖြင့် ဖျောက်လို့နိုင်ပါတယ်။

/* By Apnerve
----------------------------------------------- */
#navbar #Navbar1 iframe {
display:none;
visibility:none;
}

/* By Aditya
----------------------------------------------- */
div.navbar {
opacity:0.0;
display:none;
}
Technorati: Blogger Navbar

Read More...

0 comments:

MagicDisc

May 7, 2007

Features

Support UIF(Universal Image Format) image file. Universal Image File(UIF) is a powerful CD/DVD image format that Compresses CD/DVD data, Encrypts CD/DVD data, Makes password protection, Ensures the integrality of data and so on.

Can compress ISO image.
Can compress CUE MDS NRG CCD CIF image.
Can decompress UIF image file.
Can compress CD/DVD Disc to UIF image.
Can mount UIF image into virtual CD/DVD driver.
Can encrypte ISO CUE MDS NRG CCD CIF Image.
Can make ISO image from CD/DVD.
Can auto-mount ISO image after reboot.
Can mount ISO image on Local Area Network.

Download- here

Read More...

1 comments:

ဟာသ

May 5, 2007

Maria is a devout Catholic. She gets married and has 17 children...and then her husband dies. She remarries two weeks later...and has 22 children by her second husband. She dies.
At her wake, the priest looks tenderly at Maria as she lies in her coffin, looks up to the heavens, and says, "At last...they're finally together." A man standing next to him asks, "Excuse me, Father, but do you mean her and her FIRST husband, or her and her SECOND husband?"
"No," the priest says politely, "I mean her LEGS."

Read More...

0 comments:

The discovery of buddha art

The find was in the north-west of Kathmandu, Nepal. Researchers discovered a mural with 55 panels showing the stroy of Buddha's life ( dating back at least to the 12th century ) after being tipped off by a local sheep herder. The discovery has been likened to finding a treaure trove.

Read More...

0 comments:

သနားစရာလေးတိုတို

May 2, 2007


သားအမိနှစ်ကောင် ခြင်္သေ့တွေရန်မှ ရှောင်တိမ်း ပြေးလွှားရင်း မိုးရေတွေစိုရွှဲ နေတဲ့ သနားစရာ ချီတာ့ လေး တိုတို။
Technorati:

Read More...

0 comments:

Old Stamps

May 1, 2007


Technorati:

Read More...

0 comments: